Showing posts with label ပုံပြင်လေးတွေပါ. Show all posts
Showing posts with label ပုံပြင်လေးတွေပါ. Show all posts

Friday, January 1, 2010

The wise Old Man

0 comments



fwd:mail လေးတစ်ခုပါသဘောကျလို့တင်ထားလိုက်တယ်။
ဒါလေးတွေကိုမိမိတို့ကိုယ်ပိုင်စက်ထဲမှာကြည့်မယ်(သို့)
တယောက်ယောက်ကိုလက်ဆောင်ပေးချင်တယ်(သို့)
သိမ်းထားချင်တယ်ဆိုရင်တော့အောက်မှာရှိတဲ့နာမည်လေး

">(The wise Old man)

ကိုclickလိုက်ပါရှင်...အဆင်ပြေပါစေ

">~_~THE WISE OLD MAN~_~

Friday, October 30, 2009

ပြူတင်းပေါက်

0 comments

ပြူတင်းပေါက် (ဘာသာပြန်စာမူ) မင်းအောင်သက်လွင်

လင်မယား နှစ်ယောက် အိမ်အသစ်ကို ပြောင်းလာကြတယ်။ မိန်းမဖြစ်သူက နောက်တစ်နေ့သော မနက်ခင်းဘက်မှာ အိမ်ပြူတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ဘေးအိမ်က ခြံဝင်းထဲမှာ လျှော်ပြီးသား အ၀တ်တွေကို နေပူ လှမ်းထားတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ လျှော်ပြီးသား အ၀တ်တွေအားလုံး ညစ်ပတ် ပေရေ နေတာမို့ ဘယ်လို လက်ကြောမတင်းတဲ့ အ၀တ်လျှော်သမားက ဒီလောက် အမျိုးအစားညံ့တဲ့ ဆပ်ပြာမျိုးကို သုံးပြီး လျှော်ထားသလဲဆိုတာ အပြစ်တင်ချင်တဲ့ စိတ်နဲ့ စပ်စုပြီး သူ သိချင်လာတယ်။
နောက်တစ်နေ့ မနက်မှာလဲ အဲဒီအိမ်နီးချင်းခြံထဲမှာ လှမ်းထားတဲ့ အ၀တ်တွေအားလုံးဟာ မနေ့ကလိုဘဲ ညစ်ပတ်ပေရေ နေတာကို တွေ့ရပြန်တယ်။
သုံးရက်မြောက်တဲ့ နေ့မှာတော့ ဘေးခြံထဲက လျှော်ပြီးသား အ၀တ်တွေအားလုံးဟာ အရင်နေ့တွေတုံးကလို ညစ်ပတ် မနေတော့ဘဲ ဖြူစင်သန့်ရှင်းနေတာကို တွေ့လိုက်ရတယ်။ အံ့သြစွာနဲ့ သူကြည့်နေတုံးမှာဘဲ သူ့ရဲ့ ခင်ပွန်းသည်က အနားကို ရောက်လာပြီး ဒီနေ့ မနက်စောစောမှာ သူတို့အိမ် ပြူတင်းပေါက်မှန်မှာ ကပ်နေတဲ့ ပင့်ကူအိမ်နဲ့ ဖုန်မှုန့်တွေကို ဆေးကြော သုတ်သင်လိုက်ကြောင်း ပြောပြပါတယ်။ အဲဒီတော့မှ မိန်းမဖြစ်သူ သဘောပေါက်လိုက်တာကတော့ ဘေးအိမ်မှာ လှမ်းထားတဲ့ လျှော်ပြီးသား အ၀တ်တွေ ညစ်ပတ်ပေရေနေတာ မဟုတ်ဘဲ သူတို့ အိမ်ပြူတင်းပေါက်က မှန်မှာသာ ဖုန်မှုန့်တွေနဲ့ ညစ်ပတ်ပေရေနေတာဖြစ်ကြောင်း သိလိုက်ရပါတယ်။တစ်ခါတစ်ရံမှာ ကျွန်တော်တို့ သူများတွေကို ကြည့်တဲ့အခါမှာ သူတို့ မှားနေတာမဟုတ်ဘဲ၊ ကိုယ့်အမြင်ကသာ စောင်းပြီး ကိုယ်ကသာ မှားနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်အရာမဆို သူတစ်ပါးကို အပြစ်တင် မစောကြပါနဲ့။ ကိုယ့်ကိုယ်ကိုသာ အရင် စစ်ကြောကြပါလို့ ဝေငှလိုက်ပါတယ်။ ။

( မင်းအောင်သက်လွင် )

( လျှို့ဝှက်သောသူ ကိုယ်မျက်စိမှ ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်လော့။ နောက်မှ ညီအစ်ကို မျက်စိမှ ရှိသော ငြှောင့်ငယ်ကို ထုတ်ခြင်းငှာ ရှင်းလင်းစွာ မြင် လိမ့်မည်။ လုကာ ၆း၄၂-ခ)

ပျောက်သောသား

0 comments

ကလေးတို့ရေ...
ဒီအပတ်မှာတော့ အန်တီတာတာက ပျောက်သောသား
အကြောင်းကို ချစ်သောသားသားမီးမီး တို့ကို ပြောပြမယ်နော်…
တစ်ခါတုန်းက...အရမ်းချမ်းသာကြွယ်ဝတဲ့ ဖခင်ကြီးမှာ သားနှစ်ယောက် ရှိသတဲ့...
တနေ့တော့ သားငယ်လေးဟာဖခင်ကြီးဆီသွားပြီး…အဖေ… အဖေ…
သားရသင့်ရတိုက်တဲ့ အဖေရဲ့အမွေဥစ္စာတွေကို သားကိုခွဲပေးပါ...လို့ တောင်းဆိုသတဲ့။
အဲဒီအခါ သူ့ရဲ့ဖခင်ကြီးဟာ မငြိုမငြင်ပဲ သားငယ်ကို ခွဲဝေပေးလိုက်သတဲ့။
အဲဒီလိုနဲ့ တစ်နေ့မှာ သားငယ်က သူပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို သိမ်းပြီး
ဟိုးအဝေးကြီး မှာရှိတဲ့ ပြည်တစ်ပြည်ကို ထွက်သွားလေသတဲ့။

အဲ့ဒီ ပြည်မှာပဲ သူ့မှာပါလာတဲ့ ဥစ္စာပစ္စည်း တွေကို သုံးဖြုန်းမူးယစ်
သောက်စား ပျော်ပါး နေတာပေါ့။ အဲဒီလိုနဲ့ တဖြည်းဖြည်း
သူ့မှာပါလာတဲ့ ပစ္စည်းဥစ္စာတွေ ကုန်ခမ်းသွားပါ လေရောကွယ်…
ပစ္စည်းဥစ္စာတွေ ကုန်ခမ်းသွားတော့ အပေါင်းအသင်းလဲမရှိ၊ ကူညီမဲ့သူလဲမရှိ၊
စားစရာလဲမရှိပဲ အလွန်ဒုက္ခဆင်းရဲ ဒုက္ခရောက်ပါလေရော။ဗိုက်ကလဲအရမ်းဆာ၊
ဒုက္ခကလဲရောက်နေတော့ အလုပ်ရှာမှဖြစ်မယ် ဆိုပြီးလယ်သမား တစ်ယောက်ဆီမှာ အလုပ်သွားတောင်းတာပေါ့၊
…သခင်ကြီး---သခင်ကြီး---ကျွန်တော် အလုပ်လုပ်ပါရစေ အလုပ်လုပ်ခွင့်ပြုပါ…
လို့ တောင်းဆိုလိုက်တယ်။လယ်သမားကြီးက …ဟိုမှာရှိတဲ့ ၀က်တွေကို ထိန်းကျောင်းရမယ
်… ဆိုပြီး အလုပ်လုပ်ခွင့်ပြုလိုက်တယ်။ဝက်တွေကို ကျွေးမွေးနေတဲအချိန်မှာ ဗိုက်ကလဲဆာတော့ ၀က်တွေစားတဲ့ အစာတွေကိုကြည့်ပြီး စားချင်စိတ်ပေါ်လာတာပေါ့ကွယ်။
နောက်ဆုံးမှာတော့  သူ့ရဲ့ဖခင်ကြီးကို သတိရလိုက်တယ်။
ငါ့အဖေရဲ့အိမ်မှာ အလုပ်လုပ်တဲ့ သူတွေတောင် ၀လင်စွာစားရတယ်၊ ငါကတော့ သူများတိုင်းပြည်မှာ သေမတတ်အငတ်ခံနေရတယ်၊ ငါအဖေဆီကိုပဲ ပြန်သွားတော့မယ်… ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တယ်တဲ့။ …အဖေ့ကိုတွေ့ရင် သူ့ရဲ့အမှားတွေကို ၀န်ခံမယ်၊ အလုပ်တစ်နေရာ တောင်းပြီး အလုပ်အကျွေးပြုမယ်… လို့ အကြံနဲ့ အဖေ့ဆီကို ပြန်သွားတာပေါ့ကွယ်။

အိမ်ဝင်းနားကိုလည်းရောက်ရော ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ဖခင်ကြီးက ၀မ်းပန်းတသာ သူ့ဆီကို ပြေးလာဆီးကြို နေတာပေါ့။

သားငယ်ကို တွေ့တဲ့ဖခင်ကြီးက သနားတဲ့စိတ်နဲ့ သားငယ်ရဲ့လည်ပင်းကို ကြင်နာယုယစွာ ပိုက်ဘက်နမ်းရှုတ်တယ်တဲ့။

သားငယ်က သူ့ရဲ့အပြစ်တွေကို ဖခင်ကြီးထံမှာဝန်ချတောင်းပန်တယ်

…အဖေ…အဖေ…သားရဲ့အပြစ်တွေကို ခွင့်လွှတ်ပါ၊ အဖေ့ကိုရော ဘုရားသခင်ကိုရော သားပြစ်မှားမိပါတယ်၊ သားကို ကျွန်နေရာမှာဘဲ ထားပါ…လို့ တောင်းပန်တယ်။

ဖခင်ကြီးက သူ့ရဲ့တန်ဖိုးကြီးတဲ့ ဝတ်လုံကိုယူပြီး သားငယ်လေးကို ခြုံပေးရုံသာမကပဲ သူ့မှာရှိတဲ့ လက်ဝတ်တန်ဆာ တွေကိုပါ ဝတ်ဆင် ပေးလိုက်တယ်။ သူ့ရဲ့ငယ်သားတွေကို ခေါ်ပြီးအိမ်မှာ ဝလင်ဆူဖြိုးတဲ့ သိုးကလေးကို သတ်ပြီး ပျော်ပွဲရွှင်ပွဲ လုပ်ဖို့ စီစဉ်ခိုင်းတယ်။

ပျော်ပွဲရွှင်ပွဲမှာ တီးမှုတ်နေတဲ့ အသံတွေကို အလုပ်ကပြန်လာတဲ့ သားကြီးက ကြားရော ငယ်သားတစ်ယောက်ကို မေးလိုက်တယ်၊ သူ့ရဲ့ညီ ပြန်လာလို့ ကျင်းပတဲ့ပွဲ ဖြစ်ကြောင်းကိုလဲ သိရောဖခင်ကြီးကို အရမ်းစိတ်ဆိုးတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သားကြီးအတွက် သူ့ရဲ့ဖခင်ကြီးက တစ်ခါမှ ပျော်ပွဲရွှင်ပွဲ လုပ်မပေးဖူးဘူးလေ။

ဖခင်ကြီးက စိတ်ဆိုးနေတဲ့ သူ့ရဲ့သားကြီးကို တွေတော့ အပြင်ကို ထွက်လာပြီးကြိုတာပေါ့။

ဖခင်ကြီးက… လာ၊သားကြီး မင်းရဲ့ညီလေးကို သေပြီလို့ထင်ထားတာ အခုရှင်ရက်နဲ့ အိမ်ပြန်ရောက်လာတယ်၊ ဘယ် လောက် ဝမ်းမြောက်စရာ ကောင်းသလဲအထဲကိုဝင်ပြီး ကြိုဆိုလိုက်ပါအုန်း …လို့ သားကြီးကို ချော့မော့လိုက်တာပေါ့။

အဲ့ဒီလို ပျောက်သောသားကို ပြန်တွေ့တဲ့ ဖခင်ကြီးက ဝမ်းမြောက်သလို သားတို့သမီးတို့လဲ ဘုရားသခင်နဲ့ ဝေးနေပြီး ဘုရားသခင် ဆီကိုပြန်လာရင် ဘုရားသခင်က အဲ့ဒီဖခင်ကြီးထက် ပိုပြီး ဝမ်းမြောက်ဝမ်းသာ ရှိမှာပေါ့ကွယ်။

အဲ့ဒါကြောင့် သားတို့သမီးတို့လဲ ဘုရားသခင်ကို မမေ့ဘဲ ပျောက်သောသားလို လမ်းမမှားရအောင် ဘုရားသခင်ဆီမှာ အမြဲတမ်းခွန်းအား ယူဖို့ အန်တီတာတာ ပြောချင်ပါတယ်။

နောက်အပတ်မှာ ဒီထက်ပိုပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ကျမ်းစာထဲက အကြောင်းအရာ လေးတွေကို ဆက်လက် ပြောပြ သွားမယ်နော်… သားသားမီးမီး တို့ကို ဘုရားသခင် ကောင်းချီးပေးပါစေ…အာမင်း။

Tuesday, October 13, 2009

Hans Christian Andersen၏ ပုံပြင်များ

0 comments

Hans Christian Andersen၏ ပုံပြင်များ


တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ
ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး
လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ
မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို
ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို
ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း
အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။
အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက
အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ
သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက
အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့
အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း
ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို
မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။
ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။

အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို
ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။
ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။
ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ
အဘွားအိုက ၀မ်းသာအားရနဲ့ ...
"ဟာ... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"
"အင်း... ဆိတ်နို့လည်း မဆိုးပါဘူး"
"အော်... ငန်းမွေးတွေက သိပ်လှတာ"
"အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့"
စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့
အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ " အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ်
လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။

ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက်
ပါသမျှငွေတွေ ပေးခဲ့ရတယ်။

ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို
နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို
ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင်
ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က
အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့
ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။

အချစ်ဆိုတာ အနုပညာတစ်မျိုး
ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့

ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။
လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက
အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ် ။
တစ်ယောက်ရဲ့အမှားကို တစ်ယောက်က နားလည်ပေးမယ်၊
အပြစ်မမြင်ဘူးခွင့်လွတ်သည်းခံမယ်ဆိုရင်အိမ်ထောင်ရေးဟာ
ပုံပြင်ထဲကအတိုင်းလှပနိုင်ပါတယ်။

"အကောင်းဖက်ကို တွေးပါ"

0 comments
ထိုင်ဝမ်လေဒီယိုလိုင်း hinet က ထုတ်လွှင့်ခဲ့ဖူးတဲ့
"အကောင်းဖက်ကို တွေးပါ"
ဆိုတဲ့ ကစားနည်း အစီအစဉ်ဖြစ်ပါတယ်။
ကစားနည်းက အောက်ပါအတိုင်းဖြစ်ပါတယ်။

မေမေ.... ဒီနေ့ကျောင်းတက်တော့ အိတ်ထဲက ပိုက်ဆံ(၁ဝ) မတွေ့တော့ဘူး။ အကောင်းဖက်ကို တွေးပါ။
သား...... တော်သေးတယ်.. ပိုက်ဆံ (၁ဝဝ) မဟုတ်လို့..
ဖေဖေ.... ကောက်ရတဲ့သူတော့ ပျော်နေမှာပဲ

မေမေ.... ကျောင်းဆင်းခါနီး မိုးကြီးကြီးရွာချလာတယ်။ အကောင်းဖက်ကို တွေးပါ
သား...... တော်သေးတယ်။ ဦးလေးအိမ်က ကျောင်းနဲ့နီးလို့

မေမေ.... စာတွေအသင့်ပြင်ပြီး ကြိုးစားဖြေခဲ့တဲ့ စာမေးပွဲက ထင်သလောက် အမှတ်မကောင်းခဲ့ဘူး။ အကောင်းဖက်ကို တွေးပါ။

သား...... တော်သေးတယ်။ အတန်းတင် စာမေးပွဲ မဟုတ်ခဲ့လို့

ဒီကစားနည်းက စိတ်ဝင်စားစရာကောင်းသလို နားထောင်သူ ရင်ကိုလည်း ကြည်နူးစေတယ်။ အဖြစ်အပျက်တစ်ခုမှာ ကောင်မလေးတစ်ယောက် သူနှစ်သက်တဲ့ နာရီပျောက်သွားခဲ့လို့
မစားနိုင်၊ မအိပ်နိုင်၊ စိတ်ထဲတနုံနုံနဲ့ မပျော်နိုင်ဖြစ်ခဲ့တယ်။

အဲဒီမှာ ဖာသာတစ်ဦးက "တကယ်လို့ တနေ့မှာ မတော်တဆ ငွေ(၁)သိန်း ကျပျောက်သွားတယ်ဆိုပါစို့။ နောက်ထပ် (၂) သိန်း အပျောက်ခံဦးမလား"လို့ ကောင်မလေးကို မေးတော့ သူက "အပျောက်မခံတော့ပါဘူး"လို့ ဖြေတယ်။

ဖာသာက ဆက်ပြီး "ဒါနဲ့များ ဘာဖြစ်လို့ နာရီတစ်လုံးပျောက်တာနဲ့ ကိုယ်ရဲ့ ပျော်ရွှင်ခြင်းကို (၂)ပတ်အပျောက်ခံလိုက်ရသလဲ? ပြီးတော့ ကိုယ့်ကျန်းမာရေးပါ အဆစ်ပေးလိုက်ရသလဲ" လို့ မေးခဲ့တယ်။

အဲဒီအချိန်ကျမှ ကောင်မလေးက အိပ်မက်က လန့်နိုးလာသူတစ်ယောက်ကို ကုတင်ပေါ်က အမြန်ခုန်ချပြီး "ဟုတ်တယ်.. ကျွန်မထပ်နစ်နာလို့ မဖြစ်တော့ဘူး။ ပျော်ရွှင်ခြင်းတွေ၊ ကျန်းမာရေးတွေ အပျောက်ခံလို့ မရတော့ဘူး။ နာရီနောက်တစ်လုံး ထပ်ဝယ်နိုင်အောင် ကြိုးစားမယ်" လို့ ပြောခဲ့တယ်။

ဘဝက ဒီလိုပါပဲ!
ရှုံးတဲ့အချိန်ရှိသလို
နိုင်တဲ့အချိန်လည်းရှိတယ်။
မှန်မှန်ကန်ကန်နဲ့ ရှင်သန်မယ်။
ဒါမှ ဘဝပီသတယ်။
လူတစ်ချို့က
အမှန်တကယ် ဖြစ်ပျက်တာကို လက်မခံနိုင်တတ်ကြဘူး။
အဲတာကြောင့်ပဲ ရှုံးပြီးရင်း ရှုံးခဲ့ကြရတယ်။

Positive thinking က လူအများကို အပြစ်တင်စရာမလိုဘူး။
Positive thinking က စိုးရိမ်ကြောင့်ကျမှုတွေ မခံစားစေဘူး။
Positive thinking က ပျော်ရွှင်ခြင်းကို အနားကမခွါစေဘူး။
Positive thinking က ပူဆွေးသောကကို လမ်းကြောင်းလွဲပေးတယ်။
Positive thinking က ညှိုးနွမ်းတဲ့စိတ်ကို လန်းဆန်းမှုတွေပေးတယ်။
Positive thinking က ပြုံးရွှင်ဖော်ရွေတဲ့ အကျင့်စရိုက်ကိုပေးတယ်။
Positive thinking က အသစ်တစ်ဖန် ထရပ်ဖို့ အင်အားတွေပေးတယ်။
Positive thinking က အဆုံးမရှိတဲ့ မျှော်လင့်ချက်တွေပေးတယ်။


အားလုံးကို ကစားနည်းလေး ဝေမျှလိုက်ပါတယ်။
ကိုယ်နေထိုင်တဲ့ဘဝ၊
ရောက်နေတဲ့အရပ်က
အခက်အခဲတွေကို
ဒီကစားနည်းကို ကစားရင်း
နေ့သစ်များနဲ့ ပွေ့ဖက်နိုင်ပါစေလို့...
k*y*w*ဆုတောင်းပေးပါတယ်ရှင်။

လေဒီယိုထဲက နားထောင်ခဲ့ဖူးတာကို ဘာသာပြန်ပါတယ်။

ကိုယ့်ကိုကိုယ် အရင်ပြင်♥♥♣♥

0 comments
ကိုယ့်ကိုကိုယ် အရင်ပြင်♥♥♣♥

တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကိုလာတယ်။
"ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။
ကျွန်မလဲပြောတာပဲ…မရဘူး။ ကလေးက စားမြဲ စားတာပဲ။
အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံးရှင့်"ဆိုပြီး လာပြောတယ်။
ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ "နောက် တစ်လလောက် နေမှ ပြန်လာခဲ့"လို့ပြောလိုက်တယ်။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ့ သူ ကလေးပြန်ရောက်လာပြန်တယ်။
အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီး
"သားလေး…အချိုတွေ သိပ်မစားနဲ့"
လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။
အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး
"ဟုတ်ကဲ့"လို့ပြောလိုက်တယ်။
အဲလိုနဲ့ ကလေး အမေက
"ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းကပြောလိုက်ရောပေါ့"
လို့ပြန်ပြောလိုက်မိတယ်။
အဲဒီတော့မှ ဂန္ဒီကြီးက
"ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့်အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ… ဒီကလေးကိုအချိုမစားနဲ့ လို့ ဆုံးမဖို့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူဖြစ်ရမယ်။"
ကဲ ... ဘယ်လိုလဲ သူငယ်ချင်းတို့ ရေ ... ပုံပြင်လေးကပြောထားတာတော့ရှင်းရှင်းလေးပါပဲ ... သူများကို ဆုံးမပြုပြင်ပေးချင်ရင်အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံးမပြူပြင်ထားဖို့လိုအပ်တယ်ဆိုတဲပုံပြင်လေးတစ်ပုဒ်
ပါ။ဖတ်မိလို့တင်လိုက်ပါတယ်ရှင်

Monday, October 12, 2009

အေးချမ်းစွာရှင်သန်ခြင်း♥♥

0 comments
အေးချမ်းစွာရှင်သန်ခြင်း♥♥

တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်။ အဲဒီဘုရင်ဟာသူ့ဥယျာဉ်ထဲမှာရှိတဲ့ ပန်းပင်တွေ၊
သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်။ သူဟာ ဥယျာဉ်ထဲရောက်တဲ့ အခါတိုင်းအပင်တွေကို အရမ်းပွင့်၊
အရမ်းသီးခိုင်းလေ့ ရှိတယ်။ တစ်နေ့မှာ သူဟာ ဥယျာဉ်ကြီးထဲကို ရောက်သွားတယ်၊၀က်သစ်ချပင်ကြီးဟာ ညှိုးပြီးခြောက်သွေ့ နေတယ်၊ အဲဒီတော့ "ဘာဖြစ်တာလဲ" လို့ သူက မေးလိုက်တယ်၊
ဝက်သစ်ချပင်ကြီးက

"ဘယ်လိုဖြစ်ရမှာတုံး၊ ကျုပ်က ထင်းရှူးပင်ကိုတုပြီး အပေါ်ကို တက်တော့
ထင်းရှူးပင် မဟုတ်လေတော့

အမြစ်အားက မခံနိုင်တော့ သေရတာပေါ့"။ အဲဒါနဲ့ ထင်းရှူးပင်ဆီကို
သွားပြန်တော့ ထင်းရှူးပင်ကြီးက

ကိုင်းပြီးကွေးကျနေတယ်။ အဲဒီတော့ ထင်းရှူးပင်ကြီးကို "ဘယ်လိုဖြစ်တာလဲ"
လို့ဘုရင်ကြီးက မေးလိုက်ပြန်တယ်။

အဲဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး
အသီးတွေ အရမ်းသီးလိုက်တယ်၊ စပျစ်ပင်
မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလို အရမ်း ကွေးသွားတာပေါ့" လို့ပြောတယ်။
စပျစ်ပင်ကြီးကလည်း

သေမလိုဖြစ်နေတယ်၊ "ဘယ်လိုဖြစ်တာလဲ" လို့မေးတော့ "ကျုပ်က နှင်းဆီပင် ကို
အားကျပြီး သူလို လိုက်ပွင့်တာဗျို့၊

အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး၊ နှင်းဆီပန်းလဲ မပွင့်တော့ပဲ အခုလို
သေလုမျောပါး ဖြစ်သွားရတာပဲ"

လို့ပြောပြန်တယ်။ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီးလျှောက်သွားတဲ့ အခါမှာ
အပင်လေးတစ်ပင်ကို တွေ့တယ်။ အပင်က
သိပ်မကြီးပါဘူး။ အရွက်လေးတွေ အကိုင်းအခက်လေးတွေလည်း စိုစိုပြေပြေနဲ့၊
အပွင့်က ရနံ့လေးတွေကလည်း

သင်းပျံ့လို့၊ အဲဒီအပင်ရဲ့ နာမည်က Heart's Ease (နှလုံးအေးချမ်း ပန်း)
လို့ခေါ်လေ့ ရှိတဲ့ အပင်လေးပါပဲ။

ဘုရင်ကြီးက အဲဒီအပင်လေးကို ကြည့်ပြီး "ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံး မှာရှိတဲ့
အပင်တွေ သေတာတွေ သေကုန်ပြီ၊

တချို့လည်း သေလုမျောပါ ဖြစ်နေပြီ။ နှလုံးအေးချမ်းရယ်… မင်းကတော့
ရှင်သန်စိုပြေလို့ ပါလား… ဘာကြောင့်လဲ"

လို့မေးလိုက်တယ်။ အဲဒီမှာ အပင်ကလေးက ဘာပြန်ပြောသလဲ ဆိုတော့ "အသင်မင်းကြီး
ကျွန်ုပ်ကို ဒီဥယျာဉ်မှာ

စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်…
ဝက်သစ်ချပင်လို မဖြစ်စေချင်ဘူး…

ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ဘူး… အဲဒီလိုပဲ
ထင်းရှူးပင်မြင့်မြင့်ကြီးတွေကို လည်း အားမကျခဲ့ဘူး…

အသီးတွေပြွတ်နေအောင်သီးတဲ့ စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး… အပွင့်ကြီးတွေ
ဝေဆာနေတဲ့

နှင်းဆီပင်ကိုလည်း အာမကျခဲ့ဘူး… နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ
နေခဲ့တယ်… နှလုံးအေးချမ်းလိုပဲ

ရှင်သန်ခဲ့တယ်… အားကျပြီး ဘာကိုမှမလုပ်ခဲ့ဘူး… ဒါကြောင့် နှလုံးအေးချမ်း
အဖြစ်နဲ့ပဲ

ရှင်သန်ရပ်တည်နေနိုင်တာပေါ့ … တခြားဘာမှမဟုတ်ဘူး"
လို့ပြန်ပြီးပြောလိုက်တယ်… .

ကဲဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကလည်းရှင်းလှပါတယ်နော် .... သူတဖက်သားကို
အတုယူပြီးအားကြပြီး လိုက်တုတာ မကောင်းသောအကြင့်လို
့မဆိုလိုနိုင်ပေမဲ့ .... မတုရင် တုလို့ မရတာတွေ အများကြိီးပါရှင် ..
ဒါကြောင့် ကိုပိုင်ဆိုင်တဲ့ အရည်ချင်း ကိုရထားတဲ့ ဘ၀ကိုသာ
ပိုမိုကောင်းမွန်အောင် ကြိုးစားမယ်ဆိုရင် ... ဒီပုံပြင်လေးထဲက
နှလုံးအေးချမ်း အပင်လေးလို့ပဲ နှလုံးအေးချမ်းစွာ
ရှင်သန်ရပ်တည်နေနိုင်မှာပါ ရှင် ...

ဒီပုံပြင်လေးကတော့ ဟာသလေးနဲ့ ဆုံးမထားတဲ့ ရိုးရိုးရှင်းရှင်းပုံပြင်လေးပါ
ပဲရှင် .. လွယ်ကူလွန်းတဲ့ အတွက်သဘောပေါက်လဲ လွယ်ကူလှပါတယ်
ဖတ်ကြည့်ကြအုံးနော် ...

အသည်းကွဲသူ

တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို
"ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက်
ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။
အသည်းကွဲသူက "ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့
အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက
တဟားဟား အော်ရယ်ပြီး "မင်း တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။
အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး
"ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင်
ရီနေရသလား" လို့ ပြောတော့ "မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ
မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့
လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို
ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့
ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။

ဒေါသ

တစ်နေ့မှာ နာမည်ကြီးဖာသာတစ်ဦးဟာ ပန်းခြံထဲမှာထိုင်ပြီး
ရိုသေကိုင်းရှိုင်းစွာ ဆုတောင်းဝတ်ပြုနေတယ်။ အဲဒီအချိန်မှာ ကလေးပျောက်လို့
လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ဦး ထိတ်ထိတ်ပြာပြာနဲ့ အနားကဖြတ်ပြေးသွားတယ်။
အမျိုးသမီးဟာ ကလေးဇောကြောင့် မြေကြီးပေါ်မှာထိုင်ပြီး ဆုတောင်းနေတဲ့
ဖာသာကိုမမြင်ဘဲ တိုက်လိုက်မိတယ်။ ဒါပေမယ့် ဖာသာကို တောင်းပန်စကား
တစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့တယ်။
အတိုက်ခံရတဲ့ ဖာသာဟာ ဒေါသစိတ်ဖြစ်မိတယ်။ ၀တ်ပြုပြီးတဲ့နောက်
ကလေးငယ်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လာနေတဲ့ သူ့ကိုတိုက်သွားတဲ့
အမျိုးသမီးကို မြင်တော့ "ခုနားက မင်းအပြုအမှုကို ရှင်းပြစမ်းပါဦး" လို့
မေးလိုက်တယ်။ ဒေါသတကြီးပြောလာတဲ့ ဖာသာကိုမြင်တော့ အမျိုးသမီးဟာ အနည်းငယ်
ထိတ်လန့်သွားခဲ့တယ်။ ပြီးမှ "ခွင့်လွတ်ပါဖာသာ.. အခုနားက ကျွန်မကလေး
တစ်ခုခုဖြစ်နေလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဖာသာကို သတိမထားလိုက်မိဘူး။
အဲအချိန်တုန်းက ဖာသာလည်း ၀တ်ပြုဆုတောင်းနေတာပဲ မဟုတ်လား? ဆုတောင်းတာကလည်း
သတ္တ၀ါအားလုံး အေးချမ်းကျန်းမာဖို့ပဲ မဟုတ်လား..? ဖာသာ ဘာဖြစ်လို့
ကလေးဇောနဲ့ စိုးရိမ်ပူပန်နေတဲ့ကျွန်မကို မမြင်ခဲ့တာလဲ" လို့
ပြန်ပြောလိုက်တယ်။

အရည်အချင်းနှင့် လက်တွေ့

လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင်
သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။

တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။
သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက်
ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင်
"ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ" ဟု
စဉ်းစားမိသည်။

တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ
ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော
နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို
ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။
အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။
လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း
"ငါကသူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။

တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး
အပေါ့အပါး သွားလေသည်။ "သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား..
မဖြစ်နိုင်ပါဘူးလေ" လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။

ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး
နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း
မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည်
"သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး
ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့
ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့
ရေထဲခုန်ချရသလဲဟု မေးလေသည်။

"ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်"
လူငယ်နှစ်ဦးမှာ ရယ်ရင်း "ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က
မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့
အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ"
ဟု ပြန်ဖြေလေသည်။

ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ
ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို
ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့
မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏
ရလဒ်ပင်ဖြစ်သည်။

"သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။
သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........" စသည်ဖြင့် ပညာမာန်
တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို
ချည်းကပ်ရမည်ပင်။

ပန်းတစ်ပွင့်က ပြောပါတယ်....

အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး
စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ..
ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့
လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ
လူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ
နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့
နေ့ခင်းမှာတောင် မွှေးပါတယ်။

ပန်းတစ်ပွင့်က ပြောပါတယ်....
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ
ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ
မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။
လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက
လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ
မဟုတ်ဘူး။

ပန်းတစ်ပွင့်က ပြောပါတယ်....
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း
နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။
ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။
ပန်းတစ်ပွင့်က ပြောပါတယ်....
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင်
သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ
သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့
စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။

Saturday, September 26, 2009

" The Boy & The Apple Tree "

0 comments
A long time ago, there was a huge apple tree. A little boy
loved to come and play around it everyday. He climbed to the
treetop, ate the apples, took a nap under the shadow. He loved the tree and the tree loved to play with him. Time went by.The little boy had grown up and he no longer played around the tree every day.
One day, the boy came back to the tree and he looked sad. "Come and play with me," the tree asked the boy. "I am no longer a kid, Ido not play around trees any more" the boy replied. "I want toys. I need money to buy them." "Sorry, but I do not have money. But you can pick all my apples and sell them. So, you will have money." The boy was so excited. He grabbed all the apples on the tree and left happily. The boy never came back after he picked the apples. The tree
was sad.
One-day, the boy who now turned into a man returned and the tree was excited, "Come and play with me," the tree said. "I do not have time to play. I have to work for my family. We need a house for shelter. Can you help me?" "Sorry, but I do not have any house. But you can chop off my branches to build your house." So the man cut all the branches of the tree and left happily. The tree was glad to see him happy but the man never came back. Since then the tree was again lonely and sad.
One hot summer day, the man returned and the tree was delighted. "Come and play with me!" the tree said. "I am getting old. I want to go sailing to relax myself. Can you give me a boat?" said the man. "Use my trunk to build your boat. You can sail far away and be happy." So the man cut the tree trunk to make a boat. He went sailing and never showed up for a long time.
Finally, the man returned after many years. "Sorry, my boy. But I do not have anything for you anymore. No more apples for you," the tree said. "No problem, I do not have any teeth to bite" the man replied."No more trunk for you to climb on", "I am too old for that now" the man said. "I really cannot give you anything... the only thing left is my
dying roots," the tree said with tears. "I do not need much now, just a place to rest. I am tired after all these years" the man replied.
"Good! Old tree roots are the best place to lean on and rest, Come, come sit down with me and rest." The man sat down and the tree was glad and smiled with tears.
This is a story of everyone.
The tree is like our parents.
When we were young, we loved to play with our Mum and Dad... When we grow up, we leave them, only come to them when we need something or when we are in trouble.
No matter what, parents will always be there and give everything they could just to make you happy.
You may think the boy is cruel to the tree, but that is how all of us treat our parents.
We take them for granted we don't appreciate all they do for us, UNTIL it's too late.
Please enlighten all your friends and your families by telling them this story.

LOVE YOUR PARENTS

တစ်ခါတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးပင်ကြီးတစ်ပင်ရှိတယ်...

ကောင်လေးတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း အဲဒီသစ်ပင်ကြီးဆီကိုလာပြီး
ဆော့ကစားလေ့ရှိတယ်..

သစ်ပင်ကြီးက အဲဒီကောင်လေးကိုအလွန်ချစ်ရှာတယ်
...

ကောင်လေးကလည်းသစ်ပင်ကြီးကိုချစ်တယ်....

ကောင်လေးဟာနေ့စဉ်သစ်ပင်ကြီးထိပ်ဖျားထိရောက်အောင်တက်တယ်...အသီးတွေကိုစားတယ်..သစ်ပင်ကြီးရဲ့အရိပ်အောက်မှာ
တစ်ရေးတစ်မောမှေးတယ်...

ကောင်လေးဟာသစ်ပင်ကြီးကိုချစ်တယ်...သစ်ပင်ကြီးကလည်းအလွန်ပျော်ရှာတယ်...

ဒီလိုနဲ့အချိန်တွေဟာ တရွေ့ရွေ့နဲ့ကုန်ဆုံးလာခဲ့တယ်....

တစ်နေ့မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုလာခဲ့တယ်..

သစ်ပင်ကြီး - "ကောင်လေးရေ..လာပါ..ငါနဲ့လာဆော့ပါအုံး"

ကောင်လေး - " ကျွန်တော်အရင်လိုကလေးလေးမဟုတ်တော့ပါဘူး..
ဒီသစ်ပင်ကြီးနားမှာလည်းထပ်ပြီးမဆော့ချင်တော့ဘူး..
ကျွန်တော်အရုပ်တွေလိုချင်တယ်..အဲဒါတွေဝယ်ဖို့အတွက်ပိုက်ဆံလိုအပ်နေပါတယ်"

သစ်ပင်ကြီး - "၀မ်းနည်းပါတယ်ကောင်လေးရယ်..
ငါ့မှာမင်းကိုပေးဖို့ပိုက်ဆံမရှိဘူး...
ဒါပေမယ့်ငါ့ရဲ့အသီးတွေအားလုံးကိုမင်းခူးသွားပါ..
ပြီးရင်ရောင်းပါ..အဲဒါဆိုမင်းလိုအပ်နေတဲ့ပိုက်ဆံတွေရပါလိမ့်မယ်"

ကောင်လေးဟာအလွန်စိတ်လှုပ်ရှားစွာနဲ့
သစ်ပင်ပေါ်ကပန်းသီးတွေအားလုံးကိုသိမ်းကျုံးယူပြီး
ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...

ပန်းသီးတွေကိုခူးဆွတ်သွားပြီးတဲ့နောက်မှာ
ကောင်လေးဟာသစ်ပင်ကြီးဆီကိုဘယ်တော့မှပြန်မလာတော့ဘူး...

သစ်ပင်ကြီးဟာအလွန်ဝမ်းနည်းနေခဲ့တယ်....

သက္ကရာဇ်ပေါင်းများစွာကိုကျော်ဖြတ်ပြီးတဲ့ တစ်နေ့မှာ
အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးဟာ သစ်ပင်ကြီးဆီကို ပြန်လာခဲ့တယ်..

သစ်ပင်ကြီးကစိတ်လှုပ်ရှား စွာနဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးကိုကြည့်နေတယ်...


သစ်ပင်ကြီး - " လာပါ..ငါနဲ့လာဆော့ပါ"

ကောင်လေး -
"ငါ့မှာကစားဖို့အတွက်အချိန်မရှိဘူး..ငါ့မိသားစုအတွက်အလုပ်လုပ်နေရတယ်...
အခုတို့မိသားစုခိုလှုံဖို့အတွက်အိမ်တစ်လုံးလိုအပ်နေတယ်..ငါ့ကိုကူညီနိုင်မလား?"

သစ်ပင်ကြီး -
"၀မ်းနည်းပါတယ်ကောင်လေးရယ်...ငါ့မှာမင်းကိုပေးဖို့အိမ်မရှိပါဘူး..ဒါပေမယ့်
မင်းငါ့ရဲ့အကိုင်းအခက်တွေကိုခုတ်သွားပါ..ပြီးရင်မင်းရဲ့အိမ်ကိုဆောက်ပါ"

ကောင်လေးဟာ သစ်ပင်ကြီးရဲ့အကိုင်းအခက်တွေအားလုံးကိုခုတ်ယူပြီး
ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...

အချိန်တွေကြာလာတဲ့အခါ ကောင်လေးဟာသစ်ပင်ကြီးဆီ ထပ်ရောက်လာပြန်ပါတယ်...

ကောင်လေး -
"ငါလည်းတဖြည်းဖြည်းနဲ့အိုမင်းလာပြီ..အနားယူရင်းနဲ့ငါကိုယ်တိုင်ရွက်လွှင့်ချင်တယ်...ငါ့ကိုလှေတစ်စင်းပေးနိုင်မလား?"


သစ်ပင်ကြီး - "ငါ့ရဲ့ပင်စည်ကိုအသုံးပြုပြီး
မင်းအတွက်လှေတစ်စင်းဆောက်ပါ...ဒါဆိုရင် ဟိုးအဝေးကြီးကို
မင်းရွက်လွှင့်နိုင်ပါပြီ....ပျော်ရွှင်ပါစေကွာ"

ကောင်လေးဟာသစ်ပင်ကြီးတစ်ပင်လုံးကိုခုတ်ယူသွားပြီး
လှေတစ်စင်းပြုလုပ်ခဲ့တယ်...ပြီးတော့ရွက်လွှင့်သွားလိုက်တာ
အချိန်တွေအကြာကြီးသူ့ကိုမတွေ့ရတော့ပါဘူး..

အဲဒီနှစ်တွေမှာ သစ်ပင်ကြီးဟာပျော်ရွှင်နေတယ်လို့ထင်ရပေမယ့်
တစ်ကယ်တော့မဟုတ်ခဲ့ပါဘူး...

နှစ်များစွာကြာပြီးတဲ့ နောက်ဆုံးမှာတော့ အိုမင်းနေပြီဖြစ်တဲ့အဘိုးအိုတစ်ယောက်ဟာ
သစ်ပင်ကြီးဆီကိုရောက်လာခဲ့တယ်...

သစ်ပင်ကြီး - "၀မ်းနည်းပါတယ် ကောင်လေးရယ်... ငါ့မှာမင်းကိုဒီ့ထက်ပိုပြီးပေးစရာ
ဘာမှမရှိတော့ဘူး... မင်းအတွက်ပန်းသီးတွေလည်းမရှိတော့ပါဘူး"

အဘိုးအို - "ကိစ္စမရှိပါဘူး...အဲဒါတွေကိုကိုက်ဖို့အတွက်
ငါ့မှာသွားတွေမရှိတော့ဘူး"

သစ်ပင်ကြီး - "မင်းတက်ဖို့အတွက်ပင်စည်လည်းငါ့မှာမရှိတော့ပါဘူး"

အဘိုးအို - "အဲလိုတက်ဖို့အတွက်လည်း ငါအရမ်းအိုမင်းနေပါပြီ"

သစ်ပင်ကြီး - "ငါ့မှာမင်းကိုပေးဖို့အတွက်
တကယ့်ကိုဘာမှမရှိတော့ပါဘူးကွယ်..ငါ့မှာခြောက်သွေ့နေတဲ့အမြစ်ကြီးတစ်ခုပဲကျန်ပါတော့တယ်"


သစ်ပင်ကြီးကမျက်ရည်များနဲ့ပြောရှာတယ်...

အဘိုးအို -
"အခုငါ့အတွက်အများကြီးမလိုအပ်တော့ပါဘူး...အနားယူဖို့နေရာလေးတစ်ခုဆိုရပါပြီ...ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာငါအရမ်းပင်ပန်းခဲ့တယ်"


သစ်ပင်ကြီး -
"ကောင်းပြီ..ဒီအမြစ်အိုကြီးဟာအနားယူဖို့အတွက်တော့အကောင်းဆုံးနေရာပါ...လာ-ငါနဲ့အတူထိုင်ပြီးအနားယူလှည့်ပါ"


ပင်ပန်းနွမ်းနယ်နေရှာတဲ့အဘိုးအိုဟာ ခြောက်သွေ့နေပြီဖြစ်တဲ့အမြစ်ကြီးပေါ်မှာ
ထိုင်လိုက်ပါတယ်...

သစ်ပင်ကြီးကတော့ဝမ်းသာမှုတွေနဲ့
မျက်ရည်တွေကြားကနေအတောက်ပဆုံးပြုံးနေပါတော့တယ်....

***သင်ဘယ်လောက်ပဲအလုပ်တွေများနေပါစေ သင့်ရဲ့အချို့သောအချိန်လေးတွေကိုတော့
မိဘနဲ့အတူကုန်ဆုံးနိုင်ပါစေ***

ဖတ်မိတဲ့ " The Boy & The Apple Tree " ပုံပြင်လေးကို ဘာသာပြန်ပြီး
ဖြန့်ဝေလိုက်ပါတယ်....

ဒီပုံပြင်လေးဖတ်ပြီး ကိုယ့်မိဘအပေါ်မှာ အချိန်လေးအနည်းငယ်ပိုပေးနိုင်ပါစေ
လို့ဆန္ဒပြုပါတယ်...
*spystar*

Friday, September 18, 2009

အကယ်၍..If

0 comments
အကယ်၍
မင်းအသိုင်းအ၀ိုင်းက
တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ
မင်းကြောင့်လို့
ဝိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်. . .

အကယ်၍
အားလုံးက မင်းကို
မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်. . .

အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညစ်တွေက
လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စာနဲ့ နာကြားနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်. . .

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်….
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်….
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူးမနေဘူးဆိုရင်. . .

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ်ဆိုရင်…..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်. . .

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်…
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုန့်ပြန်ဘူးဆိုရင်….
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေပြန်မပွားဘူးဆိုရင်….
ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် . . .

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်. . .

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်. . .

အကယ်၍
လူတွေနဲ့ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်…

အကယ်၍
ရန်သူကဖြစ်စေ၊မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်. . .

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်…

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင်. . .

ငါ့သားရေ
မင်းဟာ
အရာရာရှိတဲ့၊အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့….။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။

"IF"

If you can keep your heard when all about you,
Are losing theirs and blaming it on you,

If you can trust yourself when all doubt you,
But make allowance for their doubting too,

If you can wait and be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor take too wise,

If you can dream-and not make dreams your master;
If you can think-and not make thoughts your aim;
If you meet with triumph and Dister,
And tread those two imposters just the same;

IF you can bear to hear the truth you’ve spoker
Twisted by knaves to make atrap for fools,
On watch the things you gave your life to broken.
And stoop and build’em up with won-out tools:

If you can make one heap of all your winnings,
And risk it on turn of pitch-and-toss.
And lose? And start again at your beginnings,
And never breathe a ward about your loss:

If you can force your heart and nerve and sinew,
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the will which says to them: ‘ Hold on:!’

If you can talk with crowds and keep your virtue,
Or walk with kings – nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute,
With sixth seconds’ worth of distance run.
Yours is the Earth and everything that’s in it,
And-which is more – you’ll be a man, my son !

RUDWARD KIPLING (1865-1936) -

ဤကဗျာကို RUDWARD KIPLING ကရေးသားခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည် က မူရင်းအတိုင်း အနှစ်သာရပြည့် ၀စွာဖြင့်မြန်မာပြန်ဆိုထားပါသည်။

Monday, August 24, 2009

apple tree

0 comments
တစ်ခါတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးပင်ကြီးတစ်ပင်ရှိတယ်...

ကောင်လေးတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း အဲဒီသစ်ပင်ကြီးဆီကိုလာပြီး
ဆော့ကစားလေ့ရှိတယ်..

သစ်ပင်ကြီးက အဲဒီကောင်လေးကိုအလွန်ချစ်ရှာတယ်
...

ကောင်လေးကလည်းသစ်ပင်ကြီးကိုချစ်တယ်....

ကောင်လေးဟာနေ့စဉ်သစ်ပင်ကြီးထိပ်ဖျားထိရောက်အောင်တက်တယ်...အသီးတွေကိုစားတယ်..သစ်ပင်ကြီးရဲ့အရိပ်အောက်မှာ
တစ်ရေးတစ်မောမှေးတယ်...

ကောင်လေးဟာသစ်ပင်ကြီးကိုချစ်တယ်...သစ်ပင်ကြီးကလည်းအလွန်ပျော်ရှာတယ်...

ဒီလိုနဲ့အချိန်တွေဟာ တရွေ့ရွေ့နဲ့ကုန်ဆုံးလာခဲ့တယ်....

တစ်နေ့မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုလာခဲ့တယ်..

သစ်ပင်ကြီး - "ကောင်လေးရေ..လာပါ..ငါနဲ့လာဆော့ပါအုံး"

ကောင်လေး - " ကျွန်တော်အရင်လိုကလေးလေးမဟုတ်တော့ပါဘူး..
ဒီသစ်ပင်ကြီးနားမှာလည်းထပ်ပြီးမဆော့ချင်တော့ဘူး..
ကျွန်တော်အရုပ်တွေလိုချင်တယ်..အဲဒါတွေဝယ်ဖို့အတွက်ပိုက်ဆံလိုအပ်နေပါတယ်"

သစ်ပင်ကြီး - "၀မ်းနည်းပါတယ်ကောင်လေးရယ်..
ငါ့မှာမင်းကိုပေးဖို့ပိုက်ဆံမရှိဘူး...
ဒါပေမယ့်ငါ့ရဲ့အသီးတွေအားလုံးကိုမင်းခူးသွားပါ..
ပြီးရင်ရောင်းပါ..အဲဒါဆိုမင်းလိုအပ်နေတဲ့ပိုက်ဆံတွေရပါလိမ့်မယ်"

ကောင်လေးဟာအလွန်စိတ်လှုပ်ရှားစွာနဲ့
သစ်ပင်ပေါ်ကပန်းသီးတွေအားလုံးကိုသိမ်းကျုံးယူပြီး
ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...

ပန်းသီးတွေကိုခူးဆွတ်သွားပြီးတဲ့နောက်မှာ
ကောင်လေးဟာသစ်ပင်ကြီးဆီကိုဘယ်တော့မှပြန်မလာတော့ဘူး...

သစ်ပင်ကြီးဟာအလွန်ဝမ်းနည်းနေခဲ့တယ်....

သက္ကရာဇ်ပေါင်းများစွာကိုကျော်ဖြတ်ပြီးတဲ့ တစ်နေ့မှာ
အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးဟာ သစ်ပင်ကြီးဆီကို ပြန်လာခဲ့တယ်..

သစ်ပင်ကြီးကစိတ်လှုပ်ရှား စွာနဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးကိုကြည့်နေတယ်...


သစ်ပင်ကြီး - " လာပါ..ငါနဲ့လာဆော့ပါ"

ကောင်လေး -
"ငါ့မှာကစားဖို့အတွက်အချိန်မရှိဘူး..ငါ့မိသားစုအတွက်အလုပ်လုပ်နေရတယ်...
အခုတို့မိသားစုခိုလှုံဖို့အတွက်အိမ်တစ်လုံးလိုအပ်နေတယ်..ငါ့ကိုကူညီနိုင်မလား?"

သစ်ပင်ကြီး -
"၀မ်းနည်းပါတယ်ကောင်လေးရယ်...ငါ့မှာမင်းကိုပေးဖို့အိမ်မရှိပါဘူး..ဒါပေမယ့်
မင်းငါ့ရဲ့အကိုင်းအခက်တွေကိုခုတ်သွားပါ..ပြီးရင်မင်းရဲ့အိမ်ကိုဆောက်ပါ"

ကောင်လေးဟာ သစ်ပင်ကြီးရဲ့အကိုင်းအခက်တွေအားလုံးကိုခုတ်ယူပြီး
ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်...

အချိန်တွေကြာလာတဲ့အခါ ကောင်လေးဟာသစ်ပင်ကြီးဆီ ထပ်ရောက်လာပြန်ပါတယ်...

ကောင်လေး -
"ငါလည်းတဖြည်းဖြည်းနဲ့အိုမင်းလာပြီ..အနားယူရင်းနဲ့ငါကိုယ်တိုင်ရွက်လွှင့်ချင်တယ်...ငါ့ကိုလှေတစ်စင်းပေးနိုင်မလား?"


သစ်ပင်ကြီး - "ငါ့ရဲ့ပင်စည်ကိုအသုံးပြုပြီး
မင်းအတွက်လှေတစ်စင်းဆောက်ပါ...ဒါဆိုရင် ဟိုးအဝေးကြီးကို
မင်းရွက်လွှင့်နိုင်ပါပြီ....ပျော်ရွှင်ပါစေကွာ"

ကောင်လေးဟာသစ်ပင်ကြီးတစ်ပင်လုံးကိုခုတ်ယူသွားပြီး
လှေတစ်စင်းပြုလုပ်ခဲ့တယ်...ပြီးတော့ရွက်လွှင့်သွားလိုက်တာ
အချိန်တွေအကြာကြီးသူ့ကိုမတွေ့ရတော့ပါဘူး..

အဲဒီနှစ်တွေမှာ သစ်ပင်ကြီးဟာပျော်ရွှင်နေတယ်လို့ထင်ရပေမယ့်
တစ်ကယ်တော့မဟုတ်ခဲ့ပါဘူး...

နှစ်များစွာကြာပြီးတဲ့ နောက်ဆုံးမှာတော့ အိုမင်းနေပြီဖြစ်တဲ့အဘိုးအိုတစ်ယောက်ဟာ
သစ်ပင်ကြီးဆီကိုရောက်လာခဲ့တယ်...

သစ်ပင်ကြီး - "၀မ်းနည်းပါတယ် ကောင်လေးရယ်... ငါ့မှာမင်းကိုဒီ့ထက်ပိုပြီးပေးစရာ
ဘာမှမရှိတော့ဘူး... မင်းအတွက်ပန်းသီးတွေလည်းမရှိတော့ပါဘူး"

အဘိုးအို - "ကိစ္စမရှိပါဘူး...အဲဒါတွေကိုကိုက်ဖို့အတွက်
ငါ့မှာသွားတွေမရှိတော့ဘူး"

သစ်ပင်ကြီး - "မင်းတက်ဖို့အတွက်ပင်စည်လည်းငါ့မှာမရှိတော့ပါဘူး"

အဘိုးအို - "အဲလိုတက်ဖို့အတွက်လည်း ငါအရမ်းအိုမင်းနေပါပြီ"

သစ်ပင်ကြီး - "ငါ့မှာမင်းကိုပေးဖို့အတွက်
တကယ့်ကိုဘာမှမရှိတော့ပါဘူးကွယ်..ငါ့မှာခြောက်သွေ့နေတဲ့အမြစ်ကြီးတစ်ခုပဲကျန်ပါတော့တယ်"


သစ်ပင်ကြီးကမျက်ရည်များနဲ့ပြောရှာတယ်...

အဘိုးအို -
"အခုငါ့အတွက်အများကြီးမလိုအပ်တော့ပါဘူး...အနားယူဖို့နေရာလေးတစ်ခုဆိုရပါပြီ...ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာငါအရမ်းပင်ပန်းခဲ့တယ်"


သစ်ပင်ကြီး -
"ကောင်းပြီ..ဒီအမြစ်အိုကြီးဟာအနားယူဖို့အတွက်တော့အကောင်းဆုံးနေရာပါ...လာ-ငါနဲ့အတူထိုင်ပြီးအနားယူလှည့်ပါ"


ပင်ပန်းနွမ်းနယ်နေရှာတဲ့အဘိုးအိုဟာ ခြောက်သွေ့နေပြီဖြစ်တဲ့အမြစ်ကြီးပေါ်မှာ
ထိုင်လိုက်ပါတယ်...

သစ်ပင်ကြီးကတော့ဝမ်းသာမှုတွေနဲ့
မျက်ရည်တွေကြားကနေအတောက်ပဆုံးပြုံးနေပါတော့တယ်....

***သင်ဘယ်လောက်ပဲအလုပ်တွေများနေပါစေ သင့်ရဲ့အချို့သောအချိန်လေးတွေကိုတော့
မိဘနဲ့အတူကုန်ဆုံးနိုင်ပါစေ***

ဖတ်မိတဲ့ " The Boy & The Apple Tree " ပုံပြင်လေးကို ဘာသာပြန်ပြီး
ဖြန့်ဝေလိုက်ပါတယ်....

ဒီပုံပြင်လေးဖတ်ပြီး ကိုယ့်မိဘအပေါ်မှာ အချိန်လေးအနည်းငယ်ပိုပေးနိုင်ပါစေ
လို့ဆန္ဒပြုပါတယ်...
*spystar*

Friday, August 14, 2009

ဘ၀လှေကလေး

0 comments
ရင်တွင်းမှ
ရိုးသားလှတဲ့
စိတ်ထားတွေနဲ့
ဖြူစင်ခြင်းဆိုသော
သံယောဇဉ်တွေ
နှောင်ဖွဲ့ပါလို့
ပေးဆပ်မှုတွေ
အပြန်အလှန်နဲ့
တို့တတွေ
ခင်မင်ကြစို့နော်...............................

နှိုင်းမဲ့တဲ့
သစ္စာမေတ္တာတွေနဲ့
အပြစ်တွေကို
ဆေးကြောသန့်စင်
ခင်မင်ခြင်းတွေ
ရောနှောလို့
ရင်တွင်းသဘောမနောက
သမုဒယမတွယ်
အနုအရွ
အတွင်မဆောင်
အတုအပလည်း
မရှိဘဲနဲ့
ခင်မင်မပျက်တမ်း
ရှေ့ဆက်လှမ်းစို့နော်.....................


ပျော်ရွှင်မှုတွေ
ဝေမျှယူလို့
ဝမ်းနည်းမှုတွေ
နှစ်သိမ့်ကူကာ
ဖေးမမှုတွေနဲ့
ပေါင်းစပ်ရင်း
တို့တတွေရဲ့
ဘ၀တွေကို
အဖြူရောင်စည်းထဲမှာ
အခိုင်အမာ
တည်ဆောက်ကြလို့
ရှေ့ဆက်လက်တွဲ
မြဲမြံစို့နော်......................................


ဘ၀ရဲ့ လှိုင်းဂယက်
ဒဏ်တွေကြောင့်
ဖြစ်ချင်တာတွေ
မဖြစ်တဲ့အခါ
ဖြစ်သင့်တာကို
လုပ်ဆောင်လို့
ဘ၀အတွက်
အကောင်းဆုံးသော
ပိုင်ဆိုင်မှုတွေကို
လက်လှမ်းကာ
ခူးဆွတ်ရင်း
ပျော်ရွှင်မှုတွေ
တည်ဆောက်စို့နော်......................


၅၂၈နဲ့နှောင်ကြိုးတွယ်လို့
ခင်မင်ရတဲ့
သူငယ်ချင်းတို့ရေ
မင်းတို့ရဲ့ ဒုက္ခ
အလွမ်းတွေလည်း
မြူမှုန်တွေလို
ပျောက်ကွယ်နိုင်မှာပါ
ဒါတွေကိုတွေးပြီး
ပူဆွေးမနေပါနဲ့
အမြဲတမ်းအပျောက်ပျက်တဲ့
ခင်မင်မှုတွေနဲ့
အားပေးမဲ့အဖော်
မင်းတို့ဘေးမှာ
ငါထာဝရရှိနေမှာပါ.............................


ဖြူစင်ခြင်း
သမိုင်းတွေကို
ငါတို့ချန်ခဲ့လို့
အနာဂါတ်မှာလည်း
သူငယ်ချင်းကောင်းပဲ
ဖြစ်နေမှာပါကွာ
အရောင်တွေမပါတဲ့
ငါတို့တွေရဲ့
ပန်းချီကားဟာ
ရှင်းလင်းနေပေမယ့်
အနှစ်သာရကတော့
ရင်မှာအနှိုင်းမဲ့ပါပဲ
သူငယ်ချင်းရယ်................................


သူငယ်ချင်း
ငါတို့ရင်ထဲက
ထုဆစ်ထားတဲ့
ခင်မင်မှုတွေဟာ
အနုလက်ရာ
မမြောက်လှပေမယ့်
ယခုဘ၀မှာတော့
မုချအမြစ်တွယ်နေပြီ
မရောရာတဲ့
အနာဂါတ်မှာ
သေချာတဲ့ခင်မင်မှုနဲ့
ငါတို့လက်တွဲ
မြဲမြဲတွယ်ထားမယ်နော်.......................


ဘေးပယောဂ
အနှောင့်အယှက်တွေရဲ့
သွေးခွဲစကားကြောင့်
ငါတို့ရဲ့ခင်မင်မှု
တံတိုင်းကိုတော့
မဖြိုခွဲဘူးနော်
တစ်ဦးမေတ္တာ
တစ်ဦးတည်လို့
ဝါးစည်းသလို
ညီညွတ်ကာ
ပေါင်းစည်းရင်း
တို့ဘ၀တွေ
သာယာအောင်တည်ဆောက်စို့.......................


သံသရာခရီး
ဘ၀ကြီးတွင်
အဖော်မွန်နှင့်
ခရီးဆက်လို့
တိုက်ပွဲတိုင်းကို
အနိုင်နွှဲစို့နော်
အပြုံးတွေဆောင်
အမုန်းရှောင်လို့
နှလုံးကိုလည်း
အေးနိုင်အောင်
သူငယ်ချင်းရေ
စစ်မှန်တဲ့မေတ္တာတွေတော့
လိုအပ်လိမ့်မယ်နော်...................................


နှိုင်းတုမနိုင်
ရင်တွင်းဆီမှ
အချစ် အသွင်မဆောင်
အပြစ်မြင်ရင်တောင်
ခွင့်လွှတ်တတ်တဲ့
မေတ္တာစေတနာ
သစ္စာတွေနဲ့
သံသရာမှာ
အဖန်တစ်ရာမက
အကြိမ်ကြိမ်
အခါခါပင်
ဆုံတွေ့ချင်တဲ့
စိတ်တွင်းက
ဆန္ဒတွေကိုတော့
သူငယ်ချင်းမင်းနားလည်ပေးပါ......................................


သုံးမရတဲ့
နောင်တတွေနဲ့
အရှုံးသမား
ဘ၀မှာပဲ
ကျေနပ်နေရင်
သူငယ်ချင်းရေ
မင်းဘ၀မှာတော့
အောင်မြင်မှုဆိုတာ
မှုန်ဝါးတဲ့
မှန်မှာထင်ဟပ်နေတဲ့
ပုံလိုပဲ
မှေးမိန်နေမှာပေါ့.............................


ဘ၀တစ်ကွေ့
ခဏတာတွေလို့
ခင်ရမင်ရ
တခဏလည်း
ရင်မှာအမြဲ
စိတ်စွဲလန်းလို့
မမေ့မပျောက်
ထာဝရသို့
သိမ်းဆည်းထားရင်း
ခင်မင်ခြင်းဖြင့်
အသည်းထဲဝယ်
တရစ်ရစ်တိုး
သံယောဇဉ်ကြိုး...................................


လောဘမောဟတွေ
ခ၀ါချဖို့
သောကတွေကိုလည်း
ဖယ်ခွာနိုင်အောင်
မင်းငါ့ကိုအားပေးခဲ့တယ်
နှစ်သိမ့်မှုနဲ့
စာနာမှုရဲ့
ထွန်းလင်းတဲ့ရောင်ခြည်အောက်
ငါ့ဘ၀ကိုလျှောက်လှမ်းစေတယ်
နွေးတွေးတဲ့
မေတ္တ္နာတွေနဲ့
ခင်မင်မှုသံယောဇဉ်ကို
ငါ့ရင်မှာအမြစ်တွယ်စေတယ်
ဒီလိုအရာအားလုံးအတွက်
ကျေးဇူးအနန္တပါပဲ
သူငယ်ချင်းရယ်..........................................


မပြောင်းလဲတဲ့
သဘောထားနဲ့
မဟောင်းနွမ်းတဲ့
ခင်မင်မှုတွေ
အဓွန့်ရှည်တည်လို့
အပြစ်ဆိုတာ
ဗလာနိတ္တိ
အချစ်ဆိုတာ
ဘာမှန်းမသိတဲ့
စေတနာမေတ္တာနဲ့
ခင်မင်ခြင်းတွေကတော့
ရင်မှာအစီ
ပွင့်လန်းညီလို့
ထုံသင်းနေတာ
သူငယ်ချင်းမင်းသိရဲ့လားကွာ..........................................


အဆိပ်တွေကို
ဖျက်ဆီးလို့
မာယာလက်နက်
မသုံးဘဲနှင့်
ရင်ထဲကရိုးသားတဲ့
စေတနာမြှားဟာ
မင်းရင်ကို
ထိမှန်ရင်ပဲ
ငါ့ဘ၀မှာတော့
ပျော်ရွှင်မှုအတိနဲ့
ကျေနပ်ရင်း
ဝမ်းသာနေပါပြီ
သူငယ်ချင်းရယ်........................................


သူငယ်ချင်းရေ
အပြုံးတွေဝေမျှ
အရှုံးတွေကို
လျစ်လျူရှုလို့
အမုန်းတွေကိုလည်း
ဥပက္ခာပြုရင်း
တို့တတွေရှေ့ဆက်ကာ
လောကဓံရဲ့
လှိုင်းဒဏ်တွေကို
ကြံကြံခံလို့
ဘ၀လှေကလေးကို
ရဲရဲဝံ့ဝံ့
ရင်ဆိုင်ကာ
ရှေ့ဆက်သွားကြပါစို့နော်.................................................


GOD is good All the time in my life*_^k*y*w^*