Showing posts with label ကဗျာလေးပါ. Show all posts
Showing posts with label ကဗျာလေးပါ. Show all posts

Thursday, November 26, 2009

ဆောင်း..........

0 comments
ဆောင်း…………
နှင်းဖွေးဖွေးလေး
အေးဆက်ခြင်းနဲ့
နှင်းစက်လေးတွေ
ထွေးကာပွေ့ဖက်
တုန်ကာချမ်းလို့
မြူနှင်းများရဲ့
ရနံ့အသက်ကို
ရှုကာရှိုက်နမ်း
အေးစက်လန်းဆန်း
လက်တစ်စုံနဲ့
ဝန်းရံနေတဲ့
မြူနှင်းလေးတွေရဲ့
အအေးဒဏ်ကို....
တမ်းတခြင်းများစွာနဲ့
တနှစ်ပြီးတစ်နှစ်
ဘ၀ရဲ့ခရီးသည်
ဖြတ်ကာလျှောက်လှမ်း
ဒီဆောင်း…..သတိရမိတရ်
ဆောင်းလေပြေတွေ
ရှုရှိုက်လို့
ချမ်းအေးတဲ့ရာသီ
ဆောင်းရောက်ခဲ့ပြန်ပြီးကွယ်...
ပျော်ရွှင်စွာနဲ့
ညကောင်းကင်ယံမှာ
လှပပြုံးရွှင်ကာရယ်မောနေတဲ့
ကြယ်ကလေးရယ်
လမင်းကြီးရယ်
နံနက်ခင်းလင်းရောင်ခြည်ရဲ့
အလင်းတန်းကို
မျှော်လင့်မိပါရဲ့ ...........................''ဆောင်း''
2009 ,Nov,26
စစရေးတော့မရေးတတ်ဘူးမှားဒါလေးတွေရှိရင်သင်ပြပေးပါ။အခုတလောအရမ်းအေးတယ် တောင်ကြီးမှာမွေးတော့တောင်ကြီးသူတစ်ယောက်ပေါ့ အအေးဒဏ်ကိုကောင်းကောင်းခံနိုင်တယ်ဆိုပြီးကြွားမလို့ပါဘဲ အခုတော့ကြွားမလို့လုပ်ထားဒါလေးတွေတော့မကြွားရတော့ဘူး….အေးလွှန်းလို့ ..ဘယ်လိုပြောပြရမလဲတောင်မသိတော့ပါဘူး။
ကဗျာမဟုတ်တဲ့ကဗျာလေးတစ်ပုဒ်ပါဘဲ။