* လမ်းကတော့ ဖြောင့်တရ်
ကွေ့ပတ်သွားစရာမလိုဘူး
သို့ပေမယ့် ဆူးများနဲ့လမ်းကျဉ်း ..
* လမ်းကတော့ မဖြောင့်ဘူး
ကွေ့ပတ်သွားစရာလိုတရ်
သို့ပေမယ့် ဆူးမဲ့တဲ့ လမ်းကျယ် ..
* လမ်းကျဉ်းမှာ မီးပွိုင့်မရှိဘူး
လျှောက်တဲ့သူတွေ ဆားနဲ့သဲ
ယစ်မူးချင်စေမယ့် အရိပ်အရောင်တွေက
မခို့တရို့ စွဲဆောင်ဖို့ဝေး ..
* လမ်းကျယ်မှာ မီးပွိုင့်စားတရ်
လျှောက်တဲ့သူတွေ ထုနဲ့ထည်း
ယစ်မူးချင်စေမယ့် အရိပ်အရောင်တွေက
လွမ်းမောရီဝေ စေဖို့ဆေး ..
* လမ်းကျဉ်းက ကောင်းကင်တံတားအခံ
လမ်းကျယ်က ဆန့်ကျင်ဘက် တံတားမဲ့
နှစ်လမ်းစလုံး လမ်းတွေအဆုံး
စီရင်မဲ့နေ့ လွမ်းမဆုံး ..
Showing posts with label MKaung:. Show all posts
Showing posts with label MKaung:. Show all posts
Friday, October 9, 2009
Thursday, October 8, 2009
“ တိမ် .. လား ”
ဘ၀ဟာ တိမ်တွေလို
လေထဲမှာ ခဏတာ
လွင့်ပြယ်ပျောက်ကွယ်သွားမယ် ...
အဲဒီ အချိန်တိုလေးအတွင်းမှာ
တိမ်တွေလိုပဲ
အသွင်သဏ္ဍန်အမျိုးမျိုးနဲ့
ရွှာသွန်းလေမလား ...
သူ ( သက်တန့် ) ကတော့
ကောင်းကင်ထက်မှာ
ရောင်ပြန်နေမှာပဲ ...
ဘာမှတော့ဟုတ်မယ်, မထင်ပါဘူး
လေထဲမှာ ခဏတာ
လွင့်ပြယ်ပျောက်ကွယ်သွားမယ် ...
အဲဒီ အချိန်တိုလေးအတွင်းမှာ
တိမ်တွေလိုပဲ
အသွင်သဏ္ဍန်အမျိုးမျိုးနဲ့
ရွှာသွန်းလေမလား ...
သူ ( သက်တန့် ) ကတော့
ကောင်းကင်ထက်မှာ
ရောင်ပြန်နေမှာပဲ ...
ဘာမှတော့ဟုတ်မယ်, မထင်ပါဘူး
`` လူဆိုတာ ´´
အတွေးများက
ကမ္ဘာကြီးလည်နေတာထက်
အဆတစ်ရာလည်နေတရ် ..
အချိန်တွေက
နောက်ပြန်မလည်ပေမယ့်
စိတ်တွေကတော့ ချာချာလည်နေတရ် ..
အတိတ်တွေကို
လွမ်းစရာလို့မှတ်ပြီး
စားမြုံ့ ( မြုပ် ) ပြန်နေတရ် ..
အနာဂါတ်
အနက်ကာထားတဲ့ ပိတ်ကားကို
အရောင်ခြယ်ချင်တရ် ..
ပစ္စုပ်ပန်ကိုတော့
ဟာ ... !
ဆိုးလိုက်တာကွာလို့
ညည်းပြန်ရော ..
ကမ္ဘာကြီးလည်နေတာထက်
အဆတစ်ရာလည်နေတရ် ..
အချိန်တွေက
နောက်ပြန်မလည်ပေမယ့်
စိတ်တွေကတော့ ချာချာလည်နေတရ် ..
အတိတ်တွေကို
လွမ်းစရာလို့မှတ်ပြီး
စားမြုံ့ ( မြုပ် ) ပြန်နေတရ် ..
အနာဂါတ်
အနက်ကာထားတဲ့ ပိတ်ကားကို
အရောင်ခြယ်ချင်တရ် ..
ပစ္စုပ်ပန်ကိုတော့
ဟာ ... !
ဆိုးလိုက်တာကွာလို့
ညည်းပြန်ရော ..
Friday, August 28, 2009
`` သူငယ်ချင်း ´´
* သူဟာ လူသားဖြစ်လာချိန်မှာ
တစ်ယောက်တည်း ..
လောကကြီးထဲကို ငိုကြွေးခြင်းနဲ့
စတင်လာတာပဲလေ ..
ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်းတွေနဲ့
မျှော်လင့်နေချိန်မှာ
သူကတော့ `` အူဝဲ ´´ လို့
ရယ်မောခြင်းနဲ့လား .. ?
** ငယ်စဉ်မှာပဲဘ၀ရဲ့
ခက်ခဲကြမ်းတမ်းမှုတွေကို
မလွှဲမသွေခံစားရမှာပါလား ..
ဒီလိုလောကရဲ့ လှည့်စားမှုတွေကြောင့်
ကြေကွဲခြင်း၊ ၀မ်းနည်းခြင်းတွေကို
ထပ်တူခံစားပေးနိုင်တာ
ဘယ်သူများပါလဲ ..
** အချင်းချင်းရင်းနှီးကြစဉ်
မမြင်နိုင်တဲ့ သံယောစဉ်ကြိုးစ
ရစ်ပတ်သွားတရ် ..
မမေ့ပါနဲ့လို့တော့ အကြိမ်ကြိမ်ပြောချင်ပေမယ့်
ဖွင့်ဟမရတဲ့ မသိစိတ်ရဲ့အတ္တတစ်ခုကြောင့်
အရာရာဟာမတည်မြဲလို့
ဘယ်သူကနုတ်ဆက်ထွက်ခွါသွားမလဲ ဆိုတာ ( လက်မပြဘဲ )
ကြိုတင်မှန်းဆမရနိုင်တဲ့ မနက်ဖြန်
မင်း ` သူ ငယ် ချင်း ´
တစ်ယောက်တည်း ..
လောကကြီးထဲကို ငိုကြွေးခြင်းနဲ့
စတင်လာတာပဲလေ ..
ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်းတွေနဲ့
မျှော်လင့်နေချိန်မှာ
သူကတော့ `` အူဝဲ ´´ လို့
ရယ်မောခြင်းနဲ့လား .. ?
** ငယ်စဉ်မှာပဲဘ၀ရဲ့
ခက်ခဲကြမ်းတမ်းမှုတွေကို
မလွှဲမသွေခံစားရမှာပါလား ..
ဒီလိုလောကရဲ့ လှည့်စားမှုတွေကြောင့်
ကြေကွဲခြင်း၊ ၀မ်းနည်းခြင်းတွေကို
ထပ်တူခံစားပေးနိုင်တာ
ဘယ်သူများပါလဲ ..
** အချင်းချင်းရင်းနှီးကြစဉ်
မမြင်နိုင်တဲ့ သံယောစဉ်ကြိုးစ
ရစ်ပတ်သွားတရ် ..
မမေ့ပါနဲ့လို့တော့ အကြိမ်ကြိမ်ပြောချင်ပေမယ့်
ဖွင့်ဟမရတဲ့ မသိစိတ်ရဲ့အတ္တတစ်ခုကြောင့်
အရာရာဟာမတည်မြဲလို့
ဘယ်သူကနုတ်ဆက်ထွက်ခွါသွားမလဲ ဆိုတာ ( လက်မပြဘဲ )
ကြိုတင်မှန်းဆမရနိုင်တဲ့ မနက်ဖြန်
မင်း ` သူ ငယ် ချင်း ´
Subscribe to:
Posts (Atom)