Showing posts with label fashion style. Show all posts
Showing posts with label fashion style. Show all posts

Monday, March 15, 2010

စတိုင်ကျဖို့လိုဒါပေါ့...............

0 comments


ကိုယ့်ကိုယ်ကို စတိုင်ကျနတဲ့ ယောက်ျားလေးတစ်ယောက်(မိန်းကလေးတစ်ယောက်)
ဖြစ်ချင်ပါတယ်ဆိုရင် ဘယ်လို အချက်လေးတွေကို လိုက်နာ သင့်တယ်၊
ဂရုတစိုက်ရှိသင့်တယ်ဆိုတာလေးတွေကို သိသလောက်၊
ဖတ်မှတ်ထားသလောက်၊ လက်လှမ်းမီသလောက် ရှာဖွေ
ဖော်ပြပေးလိုက်ပါတယ်..

၁။ အ၀တ်အစား ၀တ်ဆင်ရာမှာ စတိုင်ကျပါတယ် ဆိုတဲ့သူ တော်တော်များများဟာ
ကြိုတင်ပြင်ဆင်တတ်တဲ့ အကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်..
အရေးတကြီး ချိန်းဆိုမှု၊ ညစာစားပွဲ၊ အစည်းအဝေး၊ အင်တာဗျူး၊ ဧည့်ခံပွဲ
စသည်တို့အတွက် အ၀တ်အစားများကို သွားမဲ့ရက် မတိုင်မီကတည်းက ကြိုတင်
ရွေးချယ်ထားသင့်ပါတယ်.. သွားခါနီး ကပ်ပြီးမှ ပြင်ဆင်ရွေးချယ်တဲ့အခါ
အင်္ကျီ၊ ဘောင်းဘီ ကြယ်သီး၊ ဇစ် ပြုတ်နေတာတို့၊ မီးပူတိုက်ဖို့
အချိန်မရလိုက်တာတို့ စသဖြင့် အခက်အခဲများကို ရှောင်လွှဲပြီးသား
ဖြစ်နိုင်ပါတယ်..

၂။ မိမိနဲ့ လိုက်ဖက်မှုရှိမဲ့ အ၀တ်အစားကို ရွေးချယ်တတ်ပါစေ..
စူးရဲတောက်ပလွန်းသော အရောင်များ၊ ကြောင်ကြောင်ကြားကြားဒီဇိုင်းများ၊
တို့လို့တန်းလန်း အ၀တ်အစားများသည် သင်၏ စတိုင်ကျနမှုကို ဖျက်ဆီးစေသော
အဆိုးဝါးဆုံး အချက်များပင်ဖြစ်ပါတယ်.. အ၀တ်နဲ့ လိုက်ဖက်သော ဖိနပ်၊ ရှူး၊
လည်စည်း၊ ခါးပတ် စသည်များကို ဆောင်ထားပါ။ သင့်တော်သည့် နေရာ၊
ပွဲလမ်းများတွင် ၀တ်ဆင်နိုင်ရန် ဖြစ်ပါတယ်.. ဖိနပ်များကို သပ်ရပ်
သန့်ရှင်းနေရန် ဂရုစိုက်ပါ… ရှူးဖိနပ်ကို ပေါလစ် တိုက်ရန် မမေ့ပါနဲ့…

၃။ သင့်တော်တဲ့ ဘော်ဒီစပရေး၊ ရေမွှေး၊ Roll On ကို ရွေးချယ်သုံးစွဲပါ။
ယောက်ျားလေးမို့ အမွှေးနံ့သာ မသုံးစွဲရဘူး ဆိုတဲ့ အယူအဆဟာ နှစ်တစ်ထောင်
အကွာအဝေးမှာ ကျန်ခဲ့ပါပြီ.. ခေတ်မှီသူတိုင်း၊ မိမိကိုယ်ကို
စတိုင်ကျချင်သူတိုင်း ကိုယ်နဲ့ လိုက်ဖက်မဲ့ မွှေးရနံ့ တစ်ခုခုကို
သုံးစွဲတတ်ကြပါတယ်.. မွှေးရနံ့ တစ်ခုကို သုံးစွဲခြင်းဟာ လူတွေကြားထဲမှာ
မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေပါတယ်.. ယောက်ျားလေးများနဲ့ လိုက်ဖက်တဲ့
ရေမွှေးရနံ့မှာ အများအားဖြင့် သစ်သားရနံ့၊ သစ်သီးနံ့၊ ပရုပ်နံ့၊
အရှေ့တိုင်း အမွှေးအကြိုင်များ စသည်တို့နဲ့ ဖော်စပ်ထားတဲ့ မွှေးရနံ့များနဲ့
ပိုမို သင့်တော်ပါတယ်.. တရားလွန် မွှေးကြိုင်နေသော အမွှေးရနံ့ မျိုးကိုတော့
ရှောင်ကျဉ် သင့်ပါတယ်.. စတိုင်ကျခြင်းထက် ကျော်လွန်ပြီး လူတကာ
နှာခေါင်းရှုံ့စရာဖြစ်နိုင်လို့ပါ….

၎။ မိမိသွားလာမဲ့ ပွဲလမ်းသဘင်နဲ့ သင့်တော်လျှောက်ပတ်သော ၊
မိမိအသက်အရွယ်နှင့် လိုက်ဖက်သော အ၀တ် အစားကို ရွေးချယ်တတ်ပါစေ..
ဂုဏ်သရေရှိ ဧည့်သည်အများအပြား ဖိတ်ကြားထားသောဧည့်ခံပွဲများ၊
မင်္ဂလာဆောင်အခမ်းအနားမျိုး တက်ရောက်ရန်အတွက် ရပ်ပ်ပါစတိုင်၊ ပန့်စတိုင်
စသည်ဖြင့် ၀တ်စားဆင်ယင် သွားမည်ဆိုလျှင် စတိုင်ကျသူတစ်ယောက်ထက်
လူရယ်ဖို့သာ ဖြစ်နိုင်သဖြင့် လိုက်ဖက်သော ၀တ်စား ဆင်ယင်မှုကို ဂရုတစိုက်
ရွေးချယ်ပါ..

၅။ ယောက်ျားတစ်ယောက်(မိန်းကလေးတစ်ယောက်)ကို စတိုင်ကျနစေဖို့
အကြောင်းအချက်တွေထဲမှာ လိုက်ဖက်တဲ့ ဆံပင်ပုံစံ ရွေးချယ်မှုဟာလည်း
အရေးပါပါတယ်..ဆံပင်ပုံစံကြောင့် ရုပ်ရည်ပါ ပြောင်းလဲ သွားနိုင်ပါတယ်..
ဒါကြောင့် ကြုံရာ ဆိုင်မှာ ဆံပင်ကို ညှပ်ခြင်းထက် မိမိ ညှပ်နေကျ၊
မိမိနဲ့လိုက်ဖက်မဲ့ ဆံပင်ပုံစံကို မှန်ကန်စွာ ရွေးချယ်ပေးမဲ့
ဆိုင်မျိုးမှာသာ ဆံပင်ကို ပုံမှန် ညှပ်သင့်ပါတယ်..

၆။ ကျန်းမာရေး လေ့လာလိုက်စားပါ.. မိမိ အားလပ်ချိန်တွင် ကျန်းမာရေး
လေ့ကျင့်ခန်းတစ်ခုခုကို မဖြစ်မနေ ပြုလုပ်သင့်ပါတယ်.. များများ
အချိန်မပေးနိုင်လျှင်တောင်မှ ရေချိုးခါနီး နာရီဝက်လောက် အချိန်ယူ၍
ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းစေရန် လေ့ကျင့်ခန်းပြုလုပ်သည့် အကျင့်ကို
မွေးမြူပါ…

၇။ သန့်ရှင်းသပ်ရပ်စွာ နေထိုင်ပါ.. သန့်ရှင်းသပ်ရပ်မှုသည်လည်း
အမျိုးသားများကို စတိုင်ကျနစေသော အချက်တစ်ချက် ဖြစ်ပါတယ်.. မိမိခြေသည်း၊
လက်သည်းများ ခြေးညှော် ကင်းရှင်းစေရန် အစဉ်သတိပြုပါ..
မုဆိတ်ရိတ်ပြီးတိုင်း after shave ကို သုံးစွဲပါ.. ညအိပ်ရာဝင်တိုင်း
မျက်နှာသစ်ပြီး သင့်တော်သော Moisturizer ကို လိမ်းပြီးမှ အိပ်ရာဝင်ပါ…

၈။ ဆွဲကြိုး၊ လက်စွပ်၊ ဟန်းချိန်း အစရှိသော ရှိသမျှ အဆင်တန်ဆာများ ထုတ်၍
ဆင်မြန်းထားခြင်းသည် စတိုင်ရှိခြင်းထက် အမျးအမြင်တွင် ယောက်ျားမဆန်ဘဲ
အကြွားပိုခြင်းဟုသာ အထင်ရောက်စေနိုင်ပါတယ်… နာရီကောင်း တစ်လုံးသည်
ယောက်ျားတစ်ယောက်အတွက် မရှိမဖြစ်သော အဆင်တန်ဆာ တစ်ခု ဖြစ်ပါတယ်..
အချိန်တန်ဖိုးထားတတ်သူ၊ တိကျသူ စသည့် အင်္ဂါရပ်များကို
ပေါ်လွင်စေနိုင်ပါတယ်..

၉။ ကိုယ်နှင့် အဆမတန်သေးငယ်သော၊ သို့မဟုတ် ကြီးလွန်းသော အ၀တ်အစားများကို
ရှောင်ပါ.. ခေတ်အလွန်ဆန်လွန်းသော အ၀တ်အစားများကိုလည်း ရှောင်သင့်ပါတယ်..
ခေတ်ဆန်လွန်းသော အ၀တ်အစားများသည် အလျှင်အမြန် ခေတ်ကုန်သွားနိုင်ပါတယ်..

၁၀။ စကားပြော ရည်မွန်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်း၊ဗဟုသုတပြည့်စုံခြင်း၊
လူအများနှင့် သဟဇာတဖြစ်ခြင်း စသည့် အချက်များသည်လည်း
ယောက်ျားတစ်ယောက်(မိန်းမတစ်ယောက်)၏ ကိုယ်ရည်ကိုယ်သွေးကို တောက်ပ
စတိုင်ကျစေသော အချက်များ ဖြစ်ပါတယ်…

အားလုံး စတိုင်ကျကျနဲ့ လှပခန့်ညားနိုင်ကြပါစေရှင်..........။

ps.ဆရာကျော်စိုးလှိုင် ၏ mail အားဝေမျှခြင်းဖြစ်ပါတယ်။

Wednesday, September 16, 2009

footwear style

0 comments
ဆောင်းတွင်းရောက်တော့မယ်နော်.... footwear Booth ဖိနတ်လေးတွေရဲ့ style လေးတွေကို crazy ဖြစ်တဲ့ဘော်ဘော်လေးတွေအတွက် တင်ထားပေးတယ်နော်...










Saturday, September 5, 2009

:0 အဝတ်အစား အရောင်အသွေးနှင့် စိတ်ခံစားချက်

0 comments



အရောင်တွေဟာ စိတ်ခံစားချက်အမျိုးမျိုးကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်လည်း ကျောင်းဝတ်စုံ၊ ရုံးဝတ်စုံ
တွေကို သင့်တော်တဲ့အရောင်တွေ သတ်မှတ်ထားကြတာဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် အသားအ
ရောင်အသွေးကွာခြားတဲ့အတွက် တချို့သူတွေနဲ့လိုက်ဖက်တဲ့အရောင်တွေဟာတခြားသူတွေကိုရုပ်ဆိုးသွားစေ
နိုင်ပါတယ်။ ဒါ့အပြင် အဝတ်အစားအရောင်တွေဟာ ဝတ်ထားတဲ့သူကိုသာမက တစ်ဖက်သူကိုပါစိတ်ခံစားမှုအ
နည်းနဲ့အများပေးစွမ်းနိုင်ပါတယ်။ အောက်ပါတို့ကတော့ အရောင်တွေနဲ့သူတို့ ပေးစွမ်းတဲ့စိတ်ခံစားမှုတွေပါ။

သင်ဝတ်တဲ့အဝတ်အစားစတိုင်လ်နဲ့ အရောင်တွေဟာ သင်ရဲ့ကိုယ်ပိုင်ပုံစံတစ်ခုကို ဖြစ်စေပါတယ်။
အများအားဖြင့်ကိုယ်စိတ်တိုင်းကျအဝတ်အစားအရောင်ကိုရွေးချယ်ဝယ်ယူပြီးဝတ်ကြတာဖြစ်တဲ့အတွက် သင်
ရွေးချယ် တဲ့အဝတ်အစားတွေရဲ့အရောင်ဟာ သင်ရဲ့ကိုယ်ရည်ကိုယ်သွေးကို အတိုင်းအတာတစ်ခုအထိဖော်
ပြနိုင်ပါတယ်။ လူအများစုကတော့နေ့စဉ်ပုံမှန်ဝတ်တဲ့အဝတ်တွေအတွက် ဣနြေ္ဒရတဲ့အရောင်၊ မတောက်ပတဲ့
အရောင်တွေကို ရွေးချယ်ဝတ်ဆင်ကြပါတယ်။ လူအများကြားထဲမှာကိုယ့်ကိုယ်ကိုယ်ပေါ်လွင် ထင်ရှားစေချင်
တဲ့လူတွေကတော့တောက်တောက်ပပနဲ့အရောင်ရင့်ရင့်အဝတ်အစားတွေကိုဝတ်လေ့ရှိကြပါတယ်။
အနီရောင်
အနီရောင်ကတော့သြဇာကြီးခြင်း၊ လွှမ်းမိုးခြယ် လှယ်ခြင်း၊ အင်အားကြီးမားခြင်းနဲ့ ဆွဲဆောင်မှုပြင်းခြင်းတွေ
ကိုဖော်ပြတဲ့အရောင်ပါပဲ။ သင်ဟာလူအများကြားထဲမှာ ကွဲပြားခြားနားသိသာစေတဲ့ ဖက်ရှင်မျိုး ဝတ်ဆင်ချင်
တယ်ဆိုရင်တော့ အနီရောင်ကိုရွေးချယ်လိုက်ပါ။

ပန်းနုဝါနဲ့ပန်းရောင်

ဒီအရောင်တွေကတော့ အေးမြခြင်းနဲ့တည်ငြိမ်ခြင်းကိုဖော်ပြနေပါတယ်။ ပန်းရောင်ဝတ်ထားရင်သင်ဟာပန်း
ပွင့် လေးတစ်ပွင့်လိုလန်းဆန်းနုပျိုနေပါလိမ့်မယ်။

အနက်ရောင်
အနက်ရောင်ကတော့ အချိန်တိုင်းမှာစွမ်းအားရှိခြင်းကို ဖော်ပြနေပါတယ်။ ကြော့ရှင်းလှပခြင်း၊ ကျက်သရေ
ရှိခြင်းနဲ့ တင့်တယ်ခြင်းတွေရဲ့သင်္ကေတလည်းဖြစ်ပါတယ်။

အဖြူရောင်

သင်ဟာသပ်သပ်ရပ်ရပ်နဲ့သန့်သန့်ရှင်းရှင်းပုံစံလေးဖြစ်ချင်ရင် အဖြူရောင်ဟာသင့်အတွက် အကောင်းဆုံး
အရောင်ပါပဲ။ အဖြူရောင်ဟာစင်ကြယ်မှုနဲ့ ရိုးရှင်းမှုကို လည်းဖော်ပြနေပါတယ်။ အကောင်းဆုံး နွေရာသီအ
ရောင်လည်းဖြစ်ပါတယ်။

အပြာရောင်
အပြာရောင်ကတော့ နွေးထွေးမှုနဲ့ယုံကြည်မှုရဲ့ အရောင်ဖြစ်ပါတယ်။ အမျိုးသား တိုင်းလိုလိုရဲ့ အဝတ်ဗီရို
ထဲမှာတွေ့ရလေ့ရှိတဲ့ လူကြိုက်များတဲ့အရောင်ပါပဲ။

အဝါရောင်

လှပတဲ့နေကြာပန်းရဲ့အရောင်ပါ။ စိုးရိမ်စိတ်နဲ့ နိုးကြားတတ်ကြွမှုကိုဖော်ပြပါတယ်။ ဒါပေမယ့် မီးတောက်
ရဲ့အရောင်ဆိုတာကိုလည်းမမေ့သင့်ပါဘူး။

အနီိမှိုင်း
အနီရောင်တောက်တောက်မဟုတ်တဲ့ အနီမှိုင်အရောင်းဟာယုံကြည်သက်ဝင်မှုရဲ့ လက္ခဏာပါ။ အနီမှိုင်း
ရှပ် အင်္ကျီကစတိုင်လ်လည်းကျပါတယ်။

အစိမ်းရောင်

အစိမ်းရောင် ဆိုတာကတော့ စိမ်းလန်းတဲ့ သစ်ပင်တွေရဲ့အရောင်ပါ။ လှပတဲ့ အစိမ်းရောင် အရွက်တွေ၊
လတ်ဆတ်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေရဲ့ သဘာဝအရောင်ပါ။ လန်းဆန်းမှု၊အပန်းပြေစေမှု
နဲ့တည်ငြိမ်မှုတွေကို ဖော်ပြနေပါတယ်။

အညိုရောင်

အညိုရောင်ကတော့ အဆင့်အတန်းမြင့်ပြီးလွတ်လွတ်လပ်လပ်စတိုင်လ်ကို အဓိပ္ပာယ် ဖော်ပေးပါတယ်။
ယုံကြည်အားထားရမှုနဲ့ စိတ်ချမှုကိုလည်းဖော်ပြပါတယ်။

မီးခိုးရောင်

သင်ဟာဘဝမှာမျှတတဲ့လူတစ်ယောက်ဖြစ်တယ်လို့ ဖော်ပြနေတဲ့အရောင်ပါ။ကြော့ရှင်းတဲ့ပုံစံဖြစ်စေပြီး
ဥာဏ်ရည်ထက်မြတ်တဲ့အသွင်လည်းဖြစ်စေပါတယ်။



မီးခိုးရောင်

ဖော်ပြရန်ခက်သော၊ ဂုဏ်ကျက်သရေရှိသော၊ ထိုင်းမှိုင်းသော၊ အေးစက်သော မည်းမှောင်သော။

အနက်ရောင်

ပြင်းထန်သော၊ လျှို့ဝှက်သော၊ လူရည်လည်သော၊ သုန်မှုန်သော၊ စိတ်ဓါတ်ကျဖွယ်ရှိသော။

အဖြူရောင်

ကြည်လင်သန့်စင်သော၊ ငယ်ရွယ်နုပျိုသော၊ လုံခြုံသော၊ ရိုးရှင်းသော။

လိမ္မော်ရောင်

ပျော်ရွှင်သော၊ ကျေနပ်အားရသော၊ အသစ်ဖြစ်သော၊ စိတ်ဓါတ် လှုံ့ဆော်ပေးသော၊ မျက်စိကျိန်းသော၊ နွေး
ထွေးသော။

ခရမ်းရောင်
တော်ဝင်ဆန်သော၊ ချမ်းသာသော၊ခမ်းနားထည်ဝါသော၊စိတ်ဓါတ်ပြင်းပြသော၊အထင်ကြီးဖွယ်ကောင်းသော၊
အထီးကျန်သော။
(၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့ထုတ် Good Health ဂျာနယ်)
(၂၀၀၈ခုနှစ် ဧပြီလ ၂၁ရက်နေ့ထုတ် Good Healthဂျာနယ်တွင်ဖော်ပြထားပါသည်။)