Friday, October 9, 2009

“ အကျဉ်း အကျယ် ”

* လမ်းကတော့ ဖြောင့်တရ်
ကွေ့ပတ်သွားစရာမလိုဘူး
သို့ပေမယ့် ဆူးများနဲ့လမ်းကျဉ်း ..

* လမ်းကတော့ မဖြောင့်ဘူး
ကွေ့ပတ်သွားစရာလိုတရ်
သို့ပေမယ့် ဆူးမဲ့တဲ့ လမ်းကျယ် ..

* လမ်းကျဉ်းမှာ မီးပွိုင့်မရှိဘူး
လျှောက်တဲ့သူတွေ ဆားနဲ့သဲ
ယစ်မူးချင်စေမယ့် အရိပ်အရောင်တွေက
မခို့တရို့ စွဲဆောင်ဖို့ဝေး ..

* လမ်းကျယ်မှာ မီးပွိုင့်စားတရ်
လျှောက်တဲ့သူတွေ ထုနဲ့ထည်း
ယစ်မူးချင်စေမယ့် အရိပ်အရောင်တွေက
လွမ်းမောရီဝေ စေဖို့ဆေး ..

* လမ်းကျဉ်းက ကောင်းကင်တံတားအခံ
လမ်းကျယ်က ဆန့်ကျင်ဘက် တံတားမဲ့
နှစ်လမ်းစလုံး လမ်းတွေအဆုံး
စီရင်မဲ့နေ့ လွမ်းမဆုံး ..

0 comments: