Friday, August 28, 2009

`` သူငယ်ချင်း ´´

* သူဟာ လူသားဖြစ်လာချိန်မှာ
တစ်ယောက်တည်း ..
လောကကြီးထဲကို ငိုကြွေးခြင်းနဲ့
စတင်လာတာပဲလေ ..
ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်းတွေနဲ့
မျှော်လင့်နေချိန်မှာ
သူကတော့ `` အူဝဲ ´´ လို့
ရယ်မောခြင်းနဲ့လား .. ?

** ငယ်စဉ်မှာပဲဘ၀ရဲ့
ခက်ခဲကြမ်းတမ်းမှုတွေကို
မလွှဲမသွေခံစားရမှာပါလား ..
ဒီလိုလောကရဲ့ လှည့်စားမှုတွေကြောင့်
ကြေကွဲခြင်း၊ ၀မ်းနည်းခြင်းတွေကို
ထပ်တူခံစားပေးနိုင်တာ
ဘယ်သူများပါလဲ ..

** အချင်းချင်းရင်းနှီးကြစဉ်
မမြင်နိုင်တဲ့ သံယောစဉ်ကြိုးစ
ရစ်ပတ်သွားတရ် ..
မမေ့ပါနဲ့လို့တော့ အကြိမ်ကြိမ်ပြောချင်ပေမယ့်
ဖွင့်ဟမရတဲ့ မသိစိတ်ရဲ့အတ္တတစ်ခုကြောင့်
အရာရာဟာမတည်မြဲလို့
ဘယ်သူကနုတ်ဆက်ထွက်ခွါသွားမလဲ ဆိုတာ ( လက်မပြဘဲ )
ကြိုတင်မှန်းဆမရနိုင်တဲ့ မနက်ဖြန်
မင်း ` သူ ငယ် ချင်း ´

0 comments: