Christmas (ခရစ္စမတ်)ဆိုသည်မှာ
Christ (ခရစ်တော်)နှင့် Mass (လူထု) ပေါင်းစည်းထားခြင်းဖြစ်သည်။
ဆိုလိုသည်မှာ ခရစ်တော်(ယေရှု)နှင့်ပြည်သူလူထုတို့ တွေ့ဆုံပေါင်းစည်းခြင်းဟုအဓိပ္ပါယ်ရသည်။
Santa Claus(ခရစ္စမတ်ဖိုးဖိုး) ကို ခရစ္စမတ်တွင်တွေ့ရခြင်းအကြောင်းမှာ
တီဘီရောဂါပျင်းစွာခံစားနေရသောဖခင်ကြီးကိုဆေးကုဖို့ရန်ငွေလုံးဝ
မရှိသောကြောင့်သမီးကိုရောင်းပြီး ဆေးကုရန်မိသားစုကဆုံးဖြတ်ပြီး
သမီးကလည်းလက်ခံကာငိုကြွေးနေကြသော မိသားစု၏အဖြစ်ကို
''ဘုန်းတော်ကြီးနိကောလ'' ကြားသောအခါ သူ့မိသားစုမှရသောအမွေ
ရွှေချောင်းကိုတိတ်ဆိတ်စွာသွားရောက်ထားပေးခဲ့သည်။
သုံးကြိမ်မြောက်သောအခါ ထိုမိသားစုကတွေ့သွားပြီး
''ဘာကြောင့်ဒီလိုလုပ်ရတာလဲ''
လို့မေးတော့ဘုန်းတော်ကြီးက
''အခုခရစ်စမတ်မဟုတ်လား......ဘုရားသခင်က
ငါတို့လူသားတွေအပြစ်မှလွတ်မြောက်စေဖို့သားတော်ကို
လောကထဲစေလွှတ်ပေးခဲ့တယ်ဒီလိုဘဲမင်းတို့ကိုငါပေးဆပ်တာပါ''
လို့ပြောလိုက်တယ်။ဒါကြောင့်ယခုအခါမှာ
ဝတ်စုံအနီကြီးဝတ်ကာမုတ်ဆိပ်အဖြူကိုတတ်ပြီးရုပ်ဖျက်ကာ
လက်ဆောင်ပေးခြင်းဖြင့်ဘုရားရဲ့မေတ္တာကိုဖော်ကျူးနေခြင်းဖြစ်ပါသည်။
Coral singing ခရစ်စမတ်သီချင်းဆိုခြင်း.
ခရစ္စမတ်သီချင်း(Carol Singing)
လိုက်ဆိုနေခြင်းအကြောင်းမှာအလှူငွေကောက်ခံနေခြင်းမဟုတ်ပါ။
သခင်ယေရှုမွေးဖွားခဲ့သောညသန်းခေါင်ယံအချိန်မှာ
သိုးထိန်းတွေတောထဲမှာသိုးတွေကိုစောင့်နေစဉ်
ကောင်းကင်ယံမှာကောင်းကင်တမန်တွေပေါ်လာပြီး
''ဗက်သလင်ဟင်မြို့ထဲမှာကယ်တင်ရှင်မေရှိယမွေးဖွားပြီ''
သွားကြည့်ကြလော့ဟုဆို၍ သူတို့သွားကြည့်သောအခါ
ကောင်းကင်တမန်ပြောသည့်အတိုင်းဖြစ်နေ၍
အလွန်ဝမ်းမြောက်ပြီး''ငါတို့ကိုကယ်တင်မည့်အရှင်မွေးဖွားပြီ"'
ဟုလိုက်လံပြောကြားခဲ့သည်။ထိုကဲ့သို့သိုးထိန်းများ
ပြုလုပ်သည့်အတိုင်းခရစ္စမတ်သီချင်းကာလိုက်လံပြောကြားနေခြင်းဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
1 comments:
မှတ်သာစရာတွေပါ ခရစ်ယာန်ဖြစ်ပြီး ဒါတွေကိုမသိတဲ့လူတွေများတယ်လေ..ကျေးဇူးနော်ဖွားဖွား
Post a Comment