Wednesday, September 2, 2009

PH:Nokia

Nokia ကုမ္ပဏီဟာ တကမ္ဘာလုံးမှာ အကြီးဆုံးဖုန်းထုတ်လုပ်ရေးကုမ္ပဏီကြီးပါ။ ဒါပေမယ့် များသောအားဖြင့် ကျွှန်မတို့ဆီမှာရှိတဲ့ Nokia ဖုန်းတွေက Original Quality ကိုမမှီတဲ့ဖုန်းတွေများပါတယ်။ ဒါဆိုရင် ကျွှန်မတို့ရဲ့ Nokia ဖုန်းတွေဟာ Original ဟုတ်လားမဟုတ်လားဘယ်လိုကြည့်နိုင်မလဲ? ။ သင့်ဖုန်းရဲ့IMEI (International Mobile Equipment Identity) နံပါတ်ကိုစစ်ကြည့်ယုံနဲ့ သိနိုင်ပါတယ်။
*#0000# ကိုနှိတ်ကြည့်မယ်ဆိုရင်တော့မိမိတို့ရဲ့ ဖုန်းက ဘယ်နှခုနှစ်ထုတ်သလဲဆိုဒါကိုရှင်းလင်းစွာ သိရှိမှာဖြစ်ပါတယ်ရှင်။

ပထမ အဆင့်အနေနဲ့ *#06# လို့သင့်ဖုန်းမှာရိုက်ထည့်လိုက်ပါ။ Serial No. တစ်ခုပေါ်လာပါလိမ့်မယ်။

Phone serial no. x x x x x x ? ? x x x x x x x

အဲဒီနံပါတ်ထဲက ၇ လုံးမြောက်နဲ့ ၈ လုံးမြောက် နံပါတ်တွေကို ကြည့်ရမှာပါ။

တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 02 သို့မဟုတ် 20 ဆိုရင် သင့်ဖုန်းဟာ Emirates ကထုတ်တာဖြစ်ပြီး အရမ်းကိုညံ့ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 08 သို့မဟုတ် 80 ဆိုရင် သင့်ဖုန်းဟာ ဂျာမနီ ကထုတ်တာဖြစ်ပြီး သုံးဖို့ သင့်တော်ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 01 သို့မဟုတ် 10 ဆိုရင် သင့်ဖုန်းဟာ ဖင်လန်နိုင်ငံ ကထုတ်တာဖြစ်ပြီး အရမ်းကောင်းပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 00 ဖြစ်ခဲ့ရင် သင့်ဖုန်းဟာ Original စက်ရုံကထုတ်တာဖြစ်ပြီး အကောင်းဆုံး Quality ရှိပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 13 ဆိုရင်တော့ အဇာဘိုင်ချန် ကထုတ်တာဖြစ်ပြီး အရမ်းညံ့တဲ့အပြင် ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိပါတယ်။ သုံးဖို့မသင့်တော်ပါဘူး ရှင်...............
ဖုန်း၏ Note File တွင် စာနှင့်အတူ ဓါတ်ပုံ၊ သီချင်းနှင့် ဗီဒီယိုများအား Edit ပြုလုပ်နိုင်မည်

ဖုန်း၏ Note File များအတွင်းတွင် ယခင်ကစာများကိုသာ အသစ်လုပ်နိုင် Edit လုပ်နိုင်ခဲ့သော်လည်း ယခုအခါတွင် Nokia ၏ဖုန်းများတွင် စာများနှင့်အတူ ဓါတ်ပုံများ၊ သီချင်းများနှင့် ဗီဒီယိုဖိုင်များကိုပါ ထည့်သွင်းနိုင်ပြီဖြစ်ပြီး Edit ပြုလုပ်ကာ စိတ်ကြိုက်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ ဖုန်းတွေထဲမှာ Note ဆိုတဲ့ Function ရှိပါတယ်။ အဲဒီထဲမှာ စာတွေကိုရိုက်နိုင်မယ်၊ ဖိုင်အသစ်လုပ်နိုင်မယ်၊ Edit လုပ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါက စာအတွက်သီးသန့်ပါပဲ။ ဒါပေမယ့် Nokia ရဲ့တစ်ချို့ဖုန်းတွေမှာ Note အပြင် Active Note ဆိုတဲ့ Function တစ်ခုပါ ပါတယ်။ Note Function ကိုနှစ်ခုပါလာတာပါ။ အဲဒီ Active Note Function ထဲမှာတော့ စာတွေအပြင် ဓါတ်ပုံသီချင်းနဲ့ဗီဒီယိုဖိုင်တွေကိုပါထည့်သွင်းပြီး ကိုယ်လိုသလို Edit လုပ်နိုင်ပါတယ်” ဟု Mr.Fone မှ တာဝန်ရှိသူကိုစည်သူကပြောသည်။
ထိုသို့ပြုလုပ်ရာတွင် ဖိုင်အတွင်း၌ မိမိရိုက်လိုသောစာသား ဓါတ်ပုံ သီချင်းနှင့် ဗီဒီယိုဖိုင်များအား လိုအပ်သလိုစိတ်ကြိုက်ထားကာ စာများနှင့်အတူတူရော၍ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

0 comments: